ဝါထပ်ခြင်းအကြောင်း သိကောင်းဖွယ်ရာ

(ဝိနယမှတ်စုစာတမ်း ၂၁-၂၂၊ ဘဒ္ဒန္တသုတဓရ ရေးဆရာတော်)

မြန်မာပြက္ခဒိန်တွင် သာမာန်စန္ဒြမာသနှစ်၌ လ၏လည်ပတ်မှုကို အခြေခံ ၍ တစ်နှစ်တာကို (၁၂)လပိုင်းထားရာ ၁-လအတွင်း လပြည့်-လကွယ် (၁)ကြိမ် စီပါဝင်ပါသည်။ (၁)လတွင် (၂၉)ရက်+(၁၂)နာရီကျော် ရှိရာ ပထမလမှ စတင်၍ တစ်လကျော်စီကို လဆုတ်ရက် (၁၄)ရက်သာ ထား၍ (၂၉)ရက်ယူပါသည်။ ဒုတိယလမှ စတင်၍ တစ်လကျော်စီကို ရက်(၃၀) ယူကြပါသည်။

၁၃၁၂ ခုနှစ်မှ စ၍ ခုနှစ်အားတည်ပြီး ၁၉ ဖြင့် စားသော် အကြွင်း ၁၊ ၄၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၇ အသီးသီးရသောနှစ်၌ ဝါထပ်ပါသည်။ ဝါကြီးထပ်သည့် နှစ်ကိုမူ ဒုတိယဝါဆိုလပြည့်၌ တိထီ ၁၅-လုံး မပြည့်ပဲ ပြုဗ္ဗာသဠ်, ဥတ္တရာသဠ် နက္ခတ် တစ်လုံးလုံးနှင့် စန်းယှဉ်သည့်နှစ်ကို ယူပါသည်။


ဤသို့ ၂၉-ရက်ရှိ လပေါင်း (၆)လ၊ ၃ဝ-ရက်ရှိ လပေါင်း (၆)လ ယူထား သဖြင့် ၃၅၄ရက်ရှိရာ စန္ဒြမာသနှစ် စစ်စစ်မဟုတ်ပဲ ဝေါဟာရမာသ ဟုခေါ်ပါ သည်။ မြန်မာနိုင်ငံ၌ ရှေးမင်းအဆက်ဆက်မှ ယနေ့တိုင် အသုံးပြုသော ပြက္ခဒိန်မှာ ဝေါဟာရပြက္ခဒိန်ဖြစ်၍ သူရိယမာသနှစ်၊ စန္ဒြမာသနှစ်၊ ဝေါဟာရမာသနှစ် သုံးခုလုံးအား ညှိနှိုင်းတွက်ချက် ကြပါသည်။


ဝါထပ်နှစ်တွင်လည်း ဝါငယ်ထပ်သည့်နှစ်၌ ၃၈၄-ရက်၊ ဝါကြီးထပ်သတ်မှတ်ပါသည်။ စန္ဒမာသတစ်နှစ်လျှင် ၃၅၄-ရက် + ၈နာရီ + ၄၈မိနစ် ရှိ၍ သူရိယမာသနှစ်ထက် ၁၁-ရက်ခန့် လျော့နည်းပါသည်။ သူရိယမာသန (ဝါထပ်ရက်ငင်)၌ (၁၃)လရှိပါသည်။ တစ်လတိုးသည်ကို ဒုတိယဝါဆိုလဟု သည် ရှေ့နှစ် သင်္ကြန်တက်သည်မှ နောက်နှစ် သင်္ကြန်တက်ချိန်အထိ ဖြစ်သည်။ ဝါထပ်နှစ်တွင်လည်း ဝါငယ်ထပ်သည့် နှစ်၌ ၃၈၄-ရက်၊ ဝါကြီးထပ်သည့်နှစ် (ဝါထပ်ရက်ငင်နှစ်)တွင် ၃၈၅-ရက်ဟူ၍ နှစ်မျိုးရှိပြန်သည်။ ဝါထပ်ရက်ငင်၌ ၁၃-လ ယူသည့်အပြင် နယုန်လတွင် ၂၉-ရက်အစား ၃၀-ရက် ယူပါသည်။ သူရိယမာသ တစ်နှစ်သည် ဝေါဟာရမာသတစ်နှစ်ထက် ၁၁ရက်+၆နာရီ+၁၂ မိနစ်+၃၇စက္ကန့် ပိုသဖြင့် ၃-နှစ်ကြာသော် ဝေါဟာရမာသ တစ်လ(ရက်-၃၀) ပိုလာပါသည်။ နယုန်လတွင် ၁၅-ရက်ဖြင့် လကွယ်လျှင် ဝါကြီးထပ် (သို့မဟုတ်) ဝါထပ်ရက်ငင်နှစ်ဟု ခေါ်ပါသည်။

(နိုင်ရွှေမိုး၏ မြန်မာ့လေနှင့် မြန်မာ့ရေစာအုပ်မှ ထုတ်နှုတ်၍ ဦးအောင်ကျော်ဦး (ရေးမြို့)က ၁၆-၆-၂ဝ၁၆ ရက်တွင် ပေးပို့သည်။)


၄။ အနောက်တိုင်းပြက္ခဒိန်တွင် ရက်ထပ်နှစ် ဖေဖေါ်ဝါရီလ၌ (၂၉)ရက်ဖြစ်ရခြင်း အကြောင်း


အကြမ်းအားဖြင့် တစ်နှစ်တွင် (၃၆၅)ရက် ရှိသည်ဟု သိကြပါသည်။ အမှန်မှာ ၃၆၅. ၂၅ ရက် (သို့မဟုတ်) ၃၆၅ ရက် + ၆ နာရီ ရှိပါသည်။ ပိုသည့် ၆ နာရီကို စုထားပြီး ၄-နှစ်ပြည့်သောအခါ တစ်ရက်ဖြစ်၍ ထိုတစ်ရက် ကို ဖေဖေါ်ဝါရီလမှာ ပေါင်းထည့်ပါသည်။ ထိုနှစ်မျိုးကို Leap year ရက်ထပ်နှစ်ဟု ခေါ်ပြီး (၃၆၆) ရက်ရှိ၏။

In the Julian calendar, the average length of a year is 365.25 days, in a leap year, there are 366 days. A leap year occurs every four years.

....

{ဝါထပ်ရခြင်းအကြောင်း 

ကမ္ဘာက နေကို လှည့်ပတ်ရာ၌ ၃၆၅ရက် ၆နာရီ ၁၂မိနစ် ၃၇စက္ကန့် ကြာ၏။ 

ထို့ကြောင့် အင်္ဂလိပ်နှစ် တစ်နှစ်ကို ၃၆၅ရကျထား၏။ 

၆နာရီအစွန်းအတွက် ၄နှစ်တစ်ကြိမ် တစ်ရက်တိုး၏။

မြန်မာက ၂၉ရက်ကို၆လ ၃၀ရက်ကို ၆လ ထားသဖြင့် မြန်မာနှစ် တစ်နှစ်မှာ ၃၅၄ရက်သာ ရှိ၏။ 

ထို့ကြောင့် အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် မြန်မာနှစ် တစ်နှစ်မှာ ၁၁ရက်လို၏။

(မြန်မာက တစ်လကို ၂၉ရက် ၃၀ရက် ထားရခြင်း  အကြောင်းကို နောက်မှ ပြောပါအုံးမယ်။)

ဝါထပ်ရခြင်းအကြောင်းကို  ၈နှစ်ဖြင့် ပြောပြ မှသာ မြင်လွယ်ပါလိမ့်မယ်။ ဒါ့ကြောင့် ရှစ်နှစ်ဖြင့် ပြောပြပါမယ်။

အင်္ဂလိပ်နှစ်က လေးနှစ်လျှင် တစ်ရက်တိုး၏။ ရှစ်နှစ်နေလျှင် နှစ်ရက်တိုး၏။

မြန်မာနှစ်က အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ် ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်လျှင် ၁၁ရက်လိုသဖြင့် ရှစ်နှစ်ဆိုလျှင် ၈၈ရက်လို၏။ အင်္ဂလိပ် ရက်ထပ် ၂ရက်ဖြင့် ပေါင်းသော် ၉၀ရက်လို၏။ 

ယင်းလိုသောရက်၉၀ကို ပြည့်မှီအောင် ရှစ်နှစ်လျှင် ဝါသုံးကြိမ် ထပ်ပေးဖို့ လိုအပ်၏။ 

ထို့ကြောင့် သုံးနှစ်တစ်ကြိမ် ဝါနှစ်ခါထပ်ပြီး နှစ်နှစ်တစ်ကြိမ် ဝါတစ်ခါ ထပ်ပေးရ၏။

ဒီနှစ် ဝါထပ်သင့် မထပ်သင့် စဉ်းစားပုံကို ပြောပြပါအုံးမယ်။

များသောအားဖြင့် ဧပြီ၁၇ရက်နေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်၏။ ခြွင်းချက်

 အနေဖြင့် ဧပြီ၁၆ရက်နေ့မှာ မြန်မာနှစ်ဆန်းတစ်ရက် ရှိခဲ့ဘူး၏။ နှစ်တစ်ရာ ပြက္ခဒိန်ကို

 ပြန်ကြည့်လျှင် သိနိုင်၏။

သင်္ကြန်ရက်သည် တန်ခူးလမှာသာ ထားရ၏။ ကဆုန်လဆန်းထဲမှာ တစ်ရက် နှစ်ရက် ပါမယ်ဆိုက ပါလို့ရ၏။ တပေါင်းလမှာကား လုံးဝမထားရ။

 အကယ်၍ ဒီနှစ်၁၃၈၂ခုနှစ်မှာ ဝါထပ်မပေးလျှင်   ၁၃၈၃နှစ် သင်္ကြန်ရက်သည် တပေါင်းလထဲမှာ ရောက်သွားနိုင်၏။ ထို့ကြောင့် ဒီနှစ်မှာ မဖြစ်မနေ ဝါထပ်ပေးရ၏။


"မြန်မာတစ်လလျှင် ၂၉ရက်၆လ ၃၀ရက်၆လထားရပုံ။"

 မြန်မာက ရက်လနှစ် သတ်မှတ်ရာ၌

 လကို အခြေခံ၍ သတ်မှတ်၏။ အင်္ဂလိပ်လို

 နေကို အခြေခံ၍ မသတ်မှတ်ပါ။

မြန်မာလပြည့်နေ့ဝန်းကျင်ဆိုလျှင် လသည်

 ပြည့်ပြည့်ဝဝ ရွှန်းမြနေပြီး လကွယ်နေ့ ဝန်းကျင်

 ဆိုလျှင် လကမသာဘဲ ကွယ်ပနေ၏။

လက ကမ္ဘာကို လှည့်ပတ်ရာ၌ တစ်ပတ်ပြည့်ရန် 

 ၂၉ရက် ၁၂နာရီ ၄၇မိနစ်၃စက္ကန့် ကြာ၏။ 

 အလွယ်ပြောရမယ်ဆိုလျှင် ၂၉ရက်ခွဲကြာ၏။

 ထို့ကြောင့် တစ်လကို ၂၉ရက်တစ်ခါ ၃၀ရက်

 တစ်ခါ ထားရ၏။

"ဝါကြီးထပ် ဝါလေးထပ် ခေါ်ဆိုပုံ"

 နယုန်လမှာ ၃၀ရက်ထားလျှင် ဝါကြီးထပ်ခေါ်၍ 

 ၂၉ရက်ထားလျှင် ရိုးရိုးဝါထပ် သို့မဟုတ် ဝါလေးထပ်ဟု ခေါ်၏။

နယုန်လသည် ပုံမှန်အားဖြင့် ၂၉ရက်သာ ရှိ၏။    

 ဝါကြီးထပ်သော နှစ်မှသာ ၃၀ရက်ထား၏။

အဘယ့်ကြောင့် နယုန်လမှာ ၃၀ရက်ထား၍

 ဝါကြီးထပ်ရပါသနည်းဆိုသော်လက ကမ္ဘာကို 

 လှည့်ပတ်ရာ၌ တစ်ပတ်ပြည့်ရန် ၂၉ရက် ၁၂နာရီ  

 ၄၇မိနစ်၃စက္ကန့် ကြာသောကြောင့် 

အစွန်းမိနစ်များသည် လချီနှစ်ချီကြာလျှင် 

 တစ်ရက်တိုးသွား၏။ ထိုတိုးသွားသော 

 ရက်များကို အစားဖြည့်ရန် နယုန်လကို ၃၀ရက် 

 အပြည့်ထား၍ ဝါကြီး ထပ်ပေးရ၏။

အကယ်၍ နယုန်လမှာ တစ်ရက်တိုး၍ 

 ဝါကြီးထပ် လုပ်မပေးလျှင် နှစ်ကြာလာသော

 အခါ လပြည့် လကွယ် မှားသွားနိုင်၏။ 

ထို့ကြောင့် မဖြစ်မနေ ဝါကြီးထပ် လုပ်ပေးရ၏။

မြန်မာနှစ်မှာ ရက်တိုး ဝါကြီးထပ် လုပ်ပေး

 ရသလို အင်္ဂလိပ်နှစ်မှာလည်း ပုံမှန် လေးနှစ်

 တစ်ကြိမ် တစ်ရက်တိုးအပြင် နှစ်၁၁၅နှစ်မှာ 

 တစ်ရက်တိုးဖို့ လိုအပ်ပြန်ပါသေး၏။


 ဥပမာအနေနဲ့ ၁၁၅နှစ်ကို ၁၂မိနစ်အစွန်းနဲ့ 

 တွက်ပြပါအံ့။


 11512=1380မိနစ်။

 138060=23နာရီ။

၁၁၅နှစ်ကို ၃၇စက္ကန့်အစွန်းနဲ့ တွက်ပြပါအံ့။

 11537=4255စက္ကန့်။

 425560=709မိနစ်။ 

 71မိနစ်နီးပါး တနည်းအားဖြင့် 

 တစ်နာရီ 11မိနစ်နီးပါးရှိပါတယ်။

၁၂မိနစ် ၃၇စက္ကန့်အစွန်းသည်

 ၁၁၅နှစ် ကြာလျှင် ၂၄နာရီ ၁၁မိနစ်ကျော်ကျော် 

 တိုးသွား၏။

ထို့ကြောင့် ၁၁၅နှစ် သို့မဟုတ် ၁၁၄နှစ်ကြာလျှင်    အင်္ဂလိပ်နှစ်မှာလည်း တစ်ရက်တိုးဖို့

 လိုအပ်ပြန်၏။

ဤကား ဝါထပ်ပုံအကြောင်း တစေ့တစောင်းကို မိမိသိသလို မြင်သလို ပြောပြခြင်းမျှသာ ဖြစ်ပါ၏။ ပညာရှင်များလိုကား မပြောတတ်ချေ။

သို့သော် မသိသေးသူများအတွက် အင်မတိအင်မတန် ဗဟုသုတ ရရှိနိုင်တယ်ဆိုတာတော့ 

 သေခြာပေါက် ပြောနိုင်ပါ၏။

{ဦးဝိမလဗုဒ္ဓိ}

....


Comments

Popular posts from this blog

သင်္ကန်းအရောင်

အာနန္ဒမေတ္တေယျ ဘိက္ခု

ယူဇနာ အတိုင်းအတာ