Posts

ကမ္မာကမ္မ / ကံကြီးကံငယ်

တဇ္ဇနီယကံ   (တိပိအဘိဓာန်အတွဲ၉၊၅၆ကို ကြည့်၍ ရေးပါသည်။) ခြိမ်းချောက်မှုဖြစ်သော ဝိနည်းကံကို တဇ္ဇနီယကံဟု ခေါ်သည်။ ကိုယ်တိုင် ခိုက်ရန်ပြုတတ်ပြီး အခြားရဟန်းတို့ကို ခိုက်ရန်ပြုရန်အားပေးအားမြှောက်ပြုတတ်သော ( ဆဗ္ဗဂ္ဂီ)ရဟန်းတို့အား ထို အပြစ်မှ ရှောင်ကြဉ်ရန် အပြစ်ဒဏ်ပေးရန် ဘုရားရှင်ပညတ်တော်မူအပ်သော ဉတ္တိစတုတ္ထကံ အမျိုး အစားဖြစ်သည်။ (ဝိ၊၄၊၃-၉။) (၁) ခိုက်ရန်ပြုခြင်း၊ (၂) ဗာလဖြစ်၍ အာပတ်သင့်မှုများခြင်း၊ (၃) လူတို့နှင့် ရောနှောနေခြင်း၊ (၄) သီလပျက်စီး၍ နေခြင်း၊ (၅) အကျင့်ပျက်စီး၍ နေခြင်း၊ (၆) အယူ ပျက်စီး၍ နေခြင်း၊ (၇) ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၈) တရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၉) သံဃာ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်းအားဖြင့် ဤအင်္ဂါ၉-ပါးတွင် တစ်ပါးပါးမျှ ရှိလျှင် ၎င်းကံကို ပြုရ၏။ (ဝိ၊၄၊၉၊၁၀။ ဝိ၊ဋ္ဌ၊၄၊၂။)  နိယဿကံ  (တိပိအဘိဓာန်အတွဲ၁၂၊၆၁၂သည် မပြည့်စုံသောကြောင့် အထက်ပါ တဇ္ဇနီယကံအဖွင့်ကို နည်းမှီရေးပါသည်။ ဝိနည်းပဒေသာသင်တန်းလာ စကားကိုလည်း ယူထားပါသည်။) “သင်သည် အမှီပြု၍ နေထိုင်ရမည်”ဟု ဆည်းကပ်စေကြောင်းဖြစ်သော ဝိနည်းကံကို  နိယဿကံဟု ခေါ်သည်။ သေယျသက အစပြုသော ဗာလရဟန်းကို က...

ပါဠိသက်ဝေါဟာရ

 ကန်း / ကာဏ်း (ကာဏကစ္ဆပေါပမသုတ် - လယ်တီဆရာတော် ရေးခဲ့) ဘုန်း (ပုည - ပုန်းကြီး - ဘုန်းကြီး/ ပုန်းကံ - ဘုန်းကံ)

သုဇီဝံ အဟိရိကေန - ဓမ္မပဒ ၂၄၄၊ ၂၄၅

သုဇီဝံ  အဟိရိကေန, ကာကသူရေန ဓံသိနာ၊ ပက္ခန္ဒိနာ ပဂဗ္ဘေန, သံကိလိဋ္ဌေန ဇီဝိတံ။ (ဓမ္မပဒ - ၂၄၄) (အဟိရိကေန- (မကောင်းမှု လုပ်ရမှာ) အရှက်မရှိသော၊ (မကောင်းမှု လုပ်တဲ့နေရာမှာ) ကာကသူရေန- ကျီးကဲ့သို့ ရဲရင့်သော၊ ဓံသိနာ-သူတစ်ပါးတို့ ဂုဏ်ကို ဖျက်စီးလေ့ရှိသော၊ ပက္ခန္ဒိနာ- လူနေအိမ်တို့သို့ မကြာမကြာ ဝင်ရောက်သွားလာလေ့ရှိသော၊ ပဂဗ္ဘေန-လူတို့၌ ရဲတင်းလွန်းသော၊ (ဝါ) လူတို့၌ အရောတဝင် နေလေ့ရှိသော၊ သံကိလိဋ္ဌေန-ညစ်နွမ်းသူသည်၊ ဇီဝိတံ-အသက်မွေးမှုကို၊ သုဇီဝံ-လွယ်ကူစွာ အသက်မွေးအပ် အသက် မွေးနိုင်၏။) ဟိရီမတာ စ ဒုဇ္ဇီဝံ, နိစ္စံ သုစိဂဝေသိနာ၊ အလီနေနာပ္ပဂဗ္ဘေန, သုဒ္ဓါဇီဝေန ပဿတာ။ (ဓမ္မပဒ - ၂၄၅) မြစကြာ ဦးဝဏ္ဏိတာလင်္ကာရ = https://www.facebook.com/MSKgana/posts/pfbid0AKrhQekQapMgz1FBZo4Swg9hjnCVqCqPetp1tTqd9hCTm69mLdf7cEEGvB2AcLS2l ဦးမာနိတာဘိဝံသ (ခိုနန်း) = https://www.facebook.com/u.marnita.214922/posts/pfbid02gdbLk8fmRPRwVszTBkVJobWax45AhQkvksMQT3ZdNTFeUyr3aR47f3XndeY7Kq7tl ဦးဝိမလ = https://www.facebook.com/uvi.mala.1/posts/pfbid02Db1SxT3u656t6YjPhP6Wh8bjLBXLkDfUszGGu5DARyCFABKhE5pyTav6XJ4jeNESl အထက်က ဂါထာကို ပါ...

ပါဠိ အီဒီယံ

 ကဏာဇကံ ဘုဉ္ဇတိ ဗိလင်္ဂဒုတိယံ စတုရာသီတိသဟဿ (ရှစ်သောင်းလေးထောင်)

ရဟန်းနှင့် ပစ္စည်းလေးပါး

၁။ ပစ္စည်းလေးပါး၏ သရုပ်နှင့် အဓိပ္ပါယ် ရဟန်းတော်တစ်ပါးအတွက် ရှင်သန်ရပ်တည်ရေးနှင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံလိုအပ်ချက် လေးခု ရှိသည်။ ၄င်းတို့မှာ ပစ္စည်း (၄) ပါး (စတုပစ္စယ) ဖြစ်ပါသည်။ ၄င်းတို့မှာ (၁) ဆွမ်း (ပိဏ္ဍပါတ)၊ (၂) သင်္ကန်း (စီဝရ)၊ (၃) ကျောင်း (ဝိဟာရ) နှင့် (၄) ဆေး (ဘေသဇ္ဇ) တို့ဖြစ်သည်။ ပစ္စည်းလေးပါးသည် ရဟန်းတော်တစ်ပါးအတွက် "အသက်ဆက်ရန်" သာဖြစ်ပြီး၊ "ဇိမ်ခံရန်" မဟုတ်ပေ။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ဤပစ္စည်းလေးပါးကို အသုံးပြုရာတွင် အမှီပြုရုံသက်သက်သာ (နိဿယ) ဖြစ်စေရန် အမြဲသတိပေး တိုက်တွန်းတော်မူခဲ့သည်။ ၂။ ပစ္စဝေက္ခဏာ၏ အနှစ်သာရ ပစ္စည်းလေးပါးကို အသုံးပြုသည့်အခါတိုင်း "ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ခြင်း" သည် အလွန်အရေးကြီးပါသည်။ ထိုသို့ဆင်ခြင်၍ အသုံးပြုခြင်းကို သီလလေးမျိုးရှိသည့်အနက် "ပစ္စည်းကို မှီ၍ ဖြစ်သော သီလ = ပစ္စယသန္နိဿိတသီလ" ဟု ခေါ်ပါသည်။ ဤသို့ဆင်ခြင်ခြင်းသည် ရောင့်ရဲမှု (အပ္ပိစ္ဆတာ) ဘက်သို့ ဦးတည်စေပြီး၊ တဏှာလောဘတို့၏ ထိုးနှက်မှုကို ကာကွယ်ပေးသော ဒိုင်းကာတစ်ခု ဖြစ်သည်။ အသက်ရှည်စွာ၊ ဘေးရောဂါတို...

အနေကဇာတင်ခြင်း

အနေကဇာတင်ခြင်း (မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက်နေ့ အရုဏ်တက် ချိန်၌ အနေကဇာတိသံသာရံ စသော ဂါထာ နှစ်ပုဒ်ကို ဥဒါန်းကျူးရင့်တော်မူ၏။ ဓမ္မပဒဂါထာ (၁၅၃) (ဓမ္မ၊ဋ္ဌ၊၂၊၈၀)  ဘုရားဆင်းတုတော်၊ စေတီပုထိုးအသစ် တည်ထား ကိုးကွယ်သော အခါတိုင်း သံဃာတော်များက ၎င်းနှစ်ဂါထာနှင့် ပဋိစ္စသမုပ္ပါဒ်ပါဠိတော်တို့ကို ရွတ်ဖတ်ပူဇော်၍ အနေကဇာ တင်တော်မူလေ့ရှိ၏။ “အနေကဇာ” ဟူသော ပါဠိဖြင့် စသောကြောင့် အနေကဇာတင်သည်ဟု ဆိုခြင်း ဖြစ်သည်။)  (ဘာသာရေး အနှစ်သာရများ၊ အနေကဇာတင် (အရှင်နန္ဒသေနာလင်္ကာရ): ရုပ်ပွားဆင်းတုတော်ကို အနေကဇာတင်ရမယ်၊ အနေကဇာတင်တဲ့အခါ ဘာတွေ ပါရမယ်။ ဘာတွေ ရွက်ရမယ်၊ စသည်ဖြင့် မိန့်ဆို ညွှန်ကြားထားတာ စာရေးသူ လေ့လာမိသလောက် ပိဋကတ်တော်မှာ အရိပ်အယောင်မျှ မတွေ့ရပါဘူး။ (နှာ - ၆၀) (ထိုင်းတို့ သီရိလင်္ကာတို့မှာလည်း ဒီအလေ့အထ မရှိပါဘူး။) မြန်မာနိုင်ငံမှာတော့ ဘုရင့်နောင်မင်းတရားကြီး ၉၄၃ - ခုနှစ် ရွှေတိဂုံ စေတီတော်ကို သွားရောက်ဖူးမျှော်ပြီး ထီးတော်တင်လှူတဲ့အခါ အနေကဇာတင် လှူကြောင်း မှန်နန်းမှာ ပြဆိုထားပါတယ်။ ကျမ်းဂန်အနေနဲ့ သာလွန်မင်းတရား လက်ထက် တောင်ဖီလာဆရာတော် ရေးသားပြုစုတော်မူတဲ့ ဝိနယာလင်္ကာရ ဋီကာ (ဒုတွဲ၊ စာ ၂၇၀) မှာ အနေ...

ကဗျာ

အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဥ်၊ ရှေးရှူနှင်လော့။ (စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး) (မြန်မာစာ)