Posts

ကလျာဏီကျောက်စာ

  ရာဇာနှင့်သာသနာ (ပါရဂူ) ဟံသာ၀တီသမိုင်း၌ ဘုရင်မ ရှင်စောပုနန်းစံပြီး ဟံသာ၀တီထီးနန်းတွင်စံမြန်းစိုးစံသောမင်းမှာ ဓမ္မစေတီဖြစ်သည်။ ဓမ္မစေတီသည် မြန်မာနိုင်ငံသမိုင်း၌ ထင်ရှားကျော်ကြားသော ဘုရင်တစ်ပါးဖြစ်ရုံမျှမက မြန်မာနိုင်ငံ သာသနာ့သမိုင်း၌လည်း သာသနာပြုဘုရင်တစ်ပါးအဖြစ် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ နေရာရရှိနေသော ဘုရင်တစ်ပါး ဖြစ်သည်။ ပုဂံပြည်တည်ဆောက်သူအနော်ရထာဘုရင်သည် သထုံမှပိဋကတ်တော်ကို ဆောင်ကြဉ်းလာပြီး ပုဂံပြည်၌ထေရဝါဒသာသနာတော်ကို ဖြန့်ဖြူးသောကြောင့် မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ သာသနာ့ဒါယကာ ဘုရင်တစ်ပါးအဖြစ်ထင်ပေါ်ကျော်ကြားနေသည်။ အနော်ရထာ တည်ဆောက်သော ပုဂံပြည်ဗိမာန်ကြီးတွင် အနော်ရထာ ဖြန့်ဖြူးသော ထေရဝါဒသာသနာတော် စုလစ်မွန်းချွန်သည် ငွားငွားစွင့်စွင့်တင့်တယ်တောက်ပနေသည်။ အနော်ရထာနောက်တွင် မြန်မာနိုင်ငံသမိုင်း၌ သာသနာ့ဒါယကာအဖြစ်ထင်ပေါ်ကျော်ကြားသောဘုရင်နှစ်ပါးရှိသည်။ ဓမ္မစေတီမင်းနှင့် မင်းတုန်းမင်း ဖြစ်သည်။ရတနာပုံ မြို့တည်နန်းတည် မင်းတုန်းမင်းကြီး၏ သာသနာပြုလုပ်ငန်းများထဲတွင် ပဉ္စမသင်္ဂါယနာတင်ခြင်းနှင့် ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာတင်ခြင်းသည် သရဖူဆောင်းသောသာသနာပြုလုပ်ငန်းများ ဖြစ်သည်။ ဓမ္မစေတီမင်းကြီ...

ဝါထပ်ခြင်းအကြောင်း သိကောင်းဖွယ်ရာ

(ဝိနယမှတ်စုစာတမ်း ၂၁-၂၂၊ ဘဒ္ဒန္တသုတဓရ ရေးဆရာတော်) မြန်မာပြက္ခဒိန်တွင် သာမာန်စန္ဒြမာသနှစ်၌ လ၏လည်ပတ်မှုကို အခြေခံ ၍ တစ်နှစ်တာကို (၁၂)လပိုင်းထားရာ ၁-လအတွင်း လပြည့်-လကွယ် (၁)ကြိမ် စီပါဝင်ပါသည်။ (၁)လတွင် (၂၉)ရက်+(၁၂)နာရီကျော် ရှိရာ ပထမလမှ စတင်၍ တစ်လကျော်စီကို လဆုတ်ရက် (၁၄)ရက်သာ ထား၍ (၂၉)ရက်ယူပါသည်။ ဒုတိယလမှ စတင်၍ တစ်လကျော်စီကို ရက်(၃၀) ယူကြပါသည်။ ၁၃၁၂ ခုနှစ်မှ စ၍ ခုနှစ်အားတည်ပြီး ၁၉ ဖြင့် စားသော် အကြွင်း ၁၊ ၄၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၇ အသီးသီးရသောနှစ်၌ ဝါထပ်ပါသည်။ ဝါကြီးထပ်သည့် နှစ်ကိုမူ ဒုတိယဝါဆိုလပြည့်၌ တိထီ ၁၅-လုံး မပြည့်ပဲ ပြုဗ္ဗာသဠ်, ဥတ္တရာသဠ် နက္ခတ် တစ်လုံးလုံးနှင့် စန်းယှဉ်သည့်နှစ်ကို ယူပါသည်။ ဤသို့ ၂၉-ရက်ရှိ လပေါင်း (၆)လ၊ ၃ဝ-ရက်ရှိ လပေါင်း (၆)လ ယူထား သဖြင့် ၃၅၄ရက်ရှိရာ စန္ဒြမာသနှစ် စစ်စစ်မဟုတ်ပဲ ဝေါဟာရမာသ ဟုခေါ်ပါ သည်။ မြန်မာနိုင်ငံ၌ ရှေးမင်းအဆက်ဆက်မှ ယနေ့တိုင် အသုံးပြုသော ပြက္ခဒိန်မှာ ဝေါဟာရပြက္ခဒိန်ဖြစ်၍ သူရိယမာသနှစ်၊ စန္ဒြမာသနှစ်၊ ဝေါဟာရမာသနှစ် သုံးခုလုံးအား ညှိနှိုင်းတွက်ချက် ကြပါသည်။ ဝါထပ်နှစ်တွင်လည်း ဝါငယ်ထပ်သည့်နှစ်၌ ၃၈၄-ရက်၊ ဝါကြီးထပ်သတ်မှတ်ပါသည်။ စန္ဒမာသတစ်နှစ်လျှင် ၃၅၄-ရက် + ၈နာရီ ...

နာလန္ဒာတက္ကသိုလ်

ခြောက်လကြာ လောင်ကျွမ်းပျက်စီး ခဲ့တဲ့ နာလန္ဒာ ( သို့မဟုတ်) စစ်ပွဲကြောင့်ပျက်စီးခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ လူလောက ပညာရေးမြို့တော်  ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့အကြောင်းအရာကတော့ ကမ္ဘာ့သမိုင်းမှာ အဖိုးဖြတ်လို့မရတဲ့ အသိပညာတွေ စုဝေးရာ၊ ဒါပေမဲ့ စစ်ပွဲတစ်ခုရဲ့ ရက်စက်မှုကြောင့် ပြာပုံဘဝ ရောက်ခဲ့ရတဲ့ "နာလန္ဒာ " တက္ကသိုလ်ကြီးရဲ့ ဖြစ်ရပ်မှန်အကြောင်းပဲ ဖြစ်ပါတယ်။ နာလန္ဒာရဲ့ ခမ်းနားမှုကို ကျွန်တော်တို့ အရင်ဆုံး သိရှိခဲ့ရတာကတော့ ရှေးဟောင်းပေစာမှတ်တမ်းတွေကတစ်ဆင့် ဖြစ်ပါတယ်။ အေဒီ ၇ ရာစုမှာ နာလန္ဒာမှာ နေထိုင်ခဲ့တဲ့ တရုတ်ရဟန်းတော် ယောင်ကျွမ်း  ရဲ့ မှတ်တမ်းတွေဟာ ဒီနေ့ခေတ် သမိုင်းပညာရှင်တွေအတွက် အဓိက လမ်းညွှန်မြေပုံ ဖြစ်ခဲ့ပါတယ်။ သူက "မိုးထိအောင် မြင့်မားတဲ့ ကျောင်းဆောင်ကြီးတွေ" နဲ့ "သန်းနဲ့ချီတဲ့ ပေစာတွေရှိတဲ့ စာကြည့်တိုက်ကြီးတွေ" အကြောင်းကို ဒဏ္ဍာရီတစ်ခုလို မှတ်တမ်းတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တိဗက်သမိုင်းပညာရှင် တာရာနာထ  ရဲ့ မှတ်တမ်းတွေကလည်း နာလန္ဒာရဲ့ စာကြည့်တိုက်ကြီး ၃ ခုဖြစ်တဲ့ ရတနာသမုဒ္ဒရာ ၊ ရတနာပင်လယ် နဲ့ ရတနာအရောင် တို့အကြောင်းကို အမည်နာမနဲ့တကွ ခိုင်မာအောင် သက်သေပြခဲ့ပါတ...

ပါဠိပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ

ပါဠိပထမပြန်စာမေးပွဲဖြစ်ပေါ်လာပုံ သာသနာရေးဦးစီးဌာန ( ၁ ) ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော်ကြီး ထွန်းကားရေးကို အဓိကထား၍ ပါဠိပထမပြန်စာမေးပွဲကို သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ်(၁၀၀၀)ပြည့် နှစ်၊ ခရစ်နှစ် (၁၆၃၈)ခုနှစ်တွင်စတင်ကျင်းပခဲ့ပါသည်။  စာမေးပွဲပြန်ဆိုမေးမြန်းပုံမှာ ပါဠိကို နှုတ်တက်အာဂုံပြန်ဆိုစေခြင်း၊ အနက်ဓိပ္ပါယ်ကို နှုတ်ဖြင့်မေး၍ နှုတ်ဖြင့်ဖြေဆိုစေခြင်း နှစ်မျိုးဖြစ်သည်။ ပါဠိ ပထမပြန်စာမေးပွဲကို ခေတ်အဆက်ဆက်ကျင်းပခဲ့ရာ သက္ကရာဇ်-၁၂၄၇-ခုနှစ်၊ သီပေါမင်း ပါတော်မူ ချိန်မှစ၍ (၁၀)နှစ် တိုင်တိုင် ပထမပြန်စာမေးပွဲ မကျင်းပနိုင်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။ ( ၂ ) သာသနာတော်အတွက် စိုးရိမ်ကြောင့်ကျတော်မူကြသော တောင်တော်သာသနာပိုင် ဆရာတော်ကြီး၊ ပခန်းဆရာတော်ဘုရားကြီး၊ လှထွေဆရာတော်ဘုရားကြီးနှင့် လယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးတို့ကိုယ်တိုင်ပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပသင့်ကြောင်း အင်္ဂလိပ် အစိုးရအား တိုက်တွန်းအကြံပေးခဲ့ရလေသည်။ ယင်းအကြံပေးချက်အရ အင်္ဂလိပ်အစိုးရက ၁၈၉၅-ခုနှစ် (၁၂၅၇-ခုနှစ်)နယုန်လမှစ၍ နှစ်စဉ် ပထမပြန်ကော်မတီတစ်ခု စီမံအုပ်ချုပ်၍ ပြန်လည်ကျင်းပခဲ့သည်။ ( ၃ ) ပါဠိပထမပြန်စာ...

သာသနာနှင့် တိတ်ဆိတ်မှု

  သာသနာပျက်လို့ ခက်လိမ့်မယ် ဗုဒ္ဓမြတ်စွာ ပွင့်လာမှုကြောင့် ဉာဏ်စက္ခုလည်း ရကြသည်။ ဉာဏ်စက္ခုတွေ သာ၍လင်းဖို့ သန့်ရှင်းတိတ်ဆိတ် ရှိသင့်သည်။ ပွက်လောဆူညံ လူသံပွဲတို့ ကျောင်းဘုရားထဲ လုပ်ကြသည်။ ဗုဒ္ဓအယူ တွင်းလူဖျက်လို့ ဘာသာပျက်လို့ ခက်လိမ့်မည်။ သာသနာပျက်လို့ ခက်လိမ့်မည်။ အရှင်ဇနကာဘိဝံသ ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်

ယူဇနာ အတိုင်းအတာ

ယူဇနာနှင့် ခေတ်သစ်အကွာအဝေး ___________________________ ရှေးခေတ် ကျမ်းဂန်များက ယူဇနာ အကွာအဝေးနဲ့ ယနေ့ခေတ်မိုင်ဘယ်လောက်ရှိမလဲ ဆိုတော့ အတိအကျတော့ မပြောနိုင်။ တောင်ပေါက်ဆရာတော်ကြီးက ယူဇနာတွက်ပုံ (၄) နည်းကို သာသနိက ပထဝီဝင်ကျမ်း မှာ ပြထားပါတယ်။ ယနေ့ခေတ် Google map ပေါ်မှာ location ရိုက်လိုက်ရင် ကားလမ်းအတိုင်း အကွာအဝေးခန့်မှန်းကို ပြပေးပါတယ်။ သို့သော် ရှေးခေတ်က မြို့တည်နေရာတွေက ယနေ့ခေတ်ကျန်ရစ်တဲ့ အုတ်ရိုးရှိရာနေရာတွေနဲ့ အသေအချာ ပြောဖို့ ခက်တော့ အနည်းငယ် ကွဲလွဲချက်တော့ ရှိနိုင်ပါတယ်။ ရှေးခေတ်နေရာတွေထဲက နေရာနှစ်နေရာလုံးကို အသေအချာနီးပါး အတည်ပြုနိုင်တဲ့ နေရာတွေရဲ့ တစ်နေရာနဲ့ တစ်နေရာအကွာအဝေးကို ရှေးက ယူဇနာနဲ့ ယခု မိုင် အတိုင်းအတာ ဆက်စပ်မှု အရအောက်ပါအတိုင်း တွေ့ရပါတယ်။  ၁။ သာဝတ္ထိ-သာကေတ။ အကွာအဝေး ရှေးခေတ် (၆/၇) ယူဇနာ၊ ယနေ့ခေတ်ကားလမ်းအတိုင်း အတိိုဆုံးလမ်း မိုင် (၆ဝ) ဆိုတော့ ၇-ယူဇနာ နဲ့ တွက်ရင်  ၁ ယူဇနာ (၈) မိုင်ခွဲ၊  ၆ ယူဇနာ ဆိုရင် ၁ ယူဇနာ (၁ဝ) မိုင် ဖြစ်ပါလိမ့်မယ်။  ၂။ ရာဇဂြိုဟ်-နာလန္ဒာ။ ရှေးက ၁ ယူဇနာ၊ ယခု ကားလမ်းအတိုဆုံး (၈.၆) မိုင်။  ၃။ ကုသိနာရုံ- ရာဇဂြိုဟ် ။ရှေးက (၂၅) ယူ...

မဟာယာန ရဟန်းခံပွဲ

 မဟာယာနရဟန်းတွေ ဘယ်လိုရဟန်းပြုသလဲ ဦးဝဏ္ဏသီရိ (ပုလော)   🔳 ထေရဝါဒက မဟာယာနအပေါ် သံသယဖြစ်နေတာတစ်ခုက မဟာယာနရဟန်းတွေဟာ ထေရဝါဒရဟန်းတော်တွေလို ဝိနည်းမဟာဝါပါဠိ၊ မဟာခန္ဓက၊ ဥပသမ္ပဒါဝိဓိလာ ဝိနည်းတော်လုပ်ထုံးလုပ်နည်းနဲ့အညီ  စနစ်တကျ ရဟန်းပြုလာတာ ဟုတ်ရဲ့လားဆိုတဲ့ သံသယပါ။ မိမိလည်း အရင်က အဲ့ဒီသံသယ ရှိပါတယ်။ သံသယရှိပေမဲ့ စူးစမ်းလေ့လာတာမျိုး အချိန်ပေး ဖတ်ရှု့တာမျိုး မရှိတဲ့အတွက် ရေရေရာရာ မသိခဲ့ပါဘူး။ တိုက်ဆိုင်မှုတစ်ခုကြောင့်  အာဆီယံစကော်လားရှစ်နဲ့ အသစ်ဖွင့်လှစ်ထားတဲ့ အိန္ဒိယက တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ခွင့်ရပြီး ထေရဝါဒ၊ မဟာယာန၊ ၀ဇိရာယာန ဗုဒ္ဓဘာသာဂိုဏ်းသုံးခုလုံးရဲ့ ကျမ်းစာအယူဆနဲ့ ဝိနည်းသဘောတရားတွေကို ၂-နှစ်တာ ထိတွေ့ခွင့်ရလိုက်တယ်။ ဒါ့အပြင် တက္ကသိုလ်မှာရှိနေတဲ့ မဟာယာနနဲ့ ၀ဇိရာယာနဂိုဏ်းက ရဟန်းတော်တွေဆီကနေကလည်း သူတို့ရဲ့ နေ့စဉ်ဘ၀နေထိုင်မှုပုံစံနဲ့ ယဉ်ကျေးမှုကို တိုက်ရိုက် ကိုယ်တိုင်လေ့လာခွင့် ရလိုက်တယ်။ အဲ့ဒီအခါကျမှ စူးစမ်းလေ့လာ ဖြစ်သွားတယ်။    ထေရဝါဒရဟန်းခံပုံနဲ့ မဟာယာန ရဟန်းခံပုံ တူသလားဆိုရင် မဟာယာနမှာ ထပ်တိုးထားတဲ့ ဗောဓိသတ္တအဖြစ်ခံယူတဲ့ အစီစဉ်ကလွဲရင် တူတယ်လို့ ပြောလို့ရပါ...