သာသနာနှင့် တိတ်ဆိတ်မှု
သာသနာပျက်လို့ ခက်လိမ့်မယ်
ဗုဒ္ဓမြတ်စွာ ပွင့်လာမှုကြောင့်
ဉာဏ်စက္ခုလည်း ရကြသည်။
ဉာဏ်စက္ခုတွေ သာ၍လင်းဖို့
သန့်ရှင်းတိတ်ဆိတ် ရှိသင့်သည်။
ပွက်လောဆူညံ လူသံပွဲတို့
ကျောင်းဘုရားထဲ လုပ်ကြသည်။
ဗုဒ္ဓအယူ တွင်းလူဖျက်လို့
ဘာသာပျက်လို့ ခက်လိမ့်မည်။
သာသနာပျက်လို့ ခက်လိမ့်မည်။
အရှင်ဇနကာဘိဝံသ
ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်
Comments
Post a Comment