Posts

Showing posts with the label သုတ္တန်

ပရိတ်ရွတ်ဖတ်ခြင်း

ပရိတ်ရွတ်တာ ကောင်းတယ်ဆိုပြီး ရှေ့နေလိုက်ပေးချင်လို့ သုတ္တန်ထဲမှာ လိုက်ရှာတာ။ မြတ်စွာဘုရားက ပရိတ်ရွတ်ဖို့ တိုက်တွန်းထားတာဆိုလို့ အာဋာနာဋိယသုတ် တစ်ခုပဲ တွေ့တယ်။ ရတနသုတ်မှာတောင်မှ လူတွေကို ပရိတ်ရွတ်ဖို့ တိုက်တွန်းထားတာ မတွေ့ရဘဲ နတ်တွေကို ပရိတ်နာဖို့ တိုက်တွန်းထားတာပဲ တွေ့ရတယ်။ ဒီ၂သုတ်က ပါဠိတော်တိုက်ရိုက်မှာ ပရိတ်အကြောင်းပါတဲ့ သုတ်တွေပဲ။ ဒီပြင်နေရာမှာ ပရိတ်အကြောင်းက အဋ္ဌကထာပဲ ရှိတယ်။ ပရိတ်ရယ်လို့ မဟုတ်ဘဲ။ တရားဓမ္မကို ရွတ်ဖတ်ဖို့ တိုက်တွန်းတာရှိလား ဆိုတော့ သုတ္တန်တွေ အများကြီး ရှိတယ်။  ဒီနေရာမှာ သုတ္တန် ရွတ်ဖတ်တာနဲ့ ပရိတ်ရွတ်တာ တူမတူ စဉ်းစားကြည့်မိတယ်။ သေချာတာက ရည်ရွယ်ချက် မတူဘူး။ ပရိတ်ရွတ်တာက အရံအတားလုပ်ဖို့ ရွတ်တာ။ နာမည်ကိုက ပရိတ် > ပရိတ္တ > အရံအတား။ သုတ္တန်တရားတွေကို ရွတ်ဖတ်တာကျ ဘာကာကွယ်ဖို့မှ မဟုတ်ဘူး။ တရားတော်ကို နှလုံးသွင်းဖို့ ရွတ်တာပဲ။  ဒီတော့ တရားတွေကို ရွတ်ဖတ်တာနဲ့ ပရိတ်ရွတ်တာနဲ့ကို တူပါတယ်လို့ ဆွဲပြဖို့ရာ မဖြစ်နိုင်ဘူး။  မြတ်စွာဘုရားက ရွတ်ဖတ်ပါလို့ တိုက်တွန်းထားတဲ့ သုတ္တန်ပါဠိတော်ကြီးတွေကို နေ့စဉ်နဲ့အမျှ ရွတ်ဖတ်နေသလားလို့ မေးလာရင် မရွတ်ဖြစ်ကြတော့ပါဘူးလို့ ဖြေရ...

အနတ္တ

ကိုဉာဏ်မြင့် စူဠသစ္စကသုတ်၊ မ၊ ၁၊ ၂၉၀။ လာ "သဗ္ဗေ သင်္ခါရာ အနိစ္စာ, သဗ္ဗေ ဓမ္မာ အနတ္တာ ’တိ။ဟူသော စကားအရ တရားအားလုံး အနတ္တဟု ဟောကြားထားသည်ကို တွေ့ရ၏။ ထိုတွင် တရားအားလုံးဟူသည် ထိုထိုသုတ်တို့၌ ခန္ဓာငါးဖြင့် အနတ္တ ဟောထားပုံအရလည်းကောင်း၊ အာယတန၁၂ပါး ပဋိစ္စသမုပ္ပါဒ်တရားဖြင့် အနတ္တ ဟောထားပုံအရလည်းကောင်း သိသာပါသည်။  အနတ္တလက္ခဏသုတ်၊ သံ၊ ၂ ၅၅၊ ‘‘ရူပံ, ဘိက္ခဝေ, အနတ္တာ။ ရူပဉ္စ ဟိဒံ, ဘိက္ခဝေ, အတ္တာ အဘဝိဿ, နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ, လဗ္ဘေထ စ ရူပေ – ‘ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ’တိ။ ယသ္မာ စ ခေါ, ဘိက္ခဝေ, ရူပံ အနတ္တာ, တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ, န စ လဗ္ဘတိ ရူပေ – ‘ဧဝံ မေ ရူပံ ဟောတု, ဧဝံ မေ ရူပံ မာ အဟောသီ’’’တိ"ဟု ခန္ဓာငါးပါးသည် အနတ္တ အာဗာဓဖြစ်ကြောင်းနှင့် ခန္ဓာငါးပါးကို ဒီလိုဖြစ်ပါစေ ဒီလိုမဖြစ်ပါစေနဲ့ဟု စီမံ၍ မရကြောင်း ဟောကြားထားသည်။  ထိုတွင် အာဗာဓသဘောကို ဗြာဟ္မဇာလသုတ်၊ ဒီ၊ ၁၊ ၂၉။လာ "ရူပီ အတ္တာ ဟောတိ အရောဂေါ ပရံ မရဏာ သညီ’တိ နံ ပညပေန္တိ"စသော သဘောနှင့် နားလည်မှ ပိုမို နားလည်မည်။ တိတ္ထိတို့က ရုပ်စသည်ကို အနာဗာဓ အရောဂဖြစ်သော အတ္တဟု ယူသည်။ ဗုဒ္ဓက ရုပ်စသည်ကို အာဗာဓ ရောဂဖြစ်သော...

ကံလမ်း၊ စျာန်လမ်း၊​ ဉာဏ်လမ်း

  AI ဖြေဆိုချက် ဖြစ်သည်။ "ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း" ဟူသော စကားသည် ဗုဒ္ဓဘာသာကျင့်စဉ်နှင့် သံသရာခရီးသွားပုံကို အဆင့်ဆင့် နားလည်လွယ်အောင် စုစည်းပြထားသည့် လမ်းညွှန်ချက်ဖြစ်ပါသည်။ သတ္တဝါတို့ ကျင့်ကြံအားထုတ်မှု အနိမ့်၊ အလတ်၊ အမြင့် အဆင့်ဆင့်ကို လမ်း (၃) သွယ်ဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ အောက်ပါအတိုင်း စနစ်တကျ ခွဲခြားရှင်းပြပေးပါမည်။ ## ၁။ ကံလမ်း (The Path of Kamma / Merit) ကံလမ်းဆိုသည်မှာ ကာမကုသိုလ်ကံ (ဒါန၊ သီလ၊ ဓုတင်၊ ဝေယျာဝစ္စ စသည့် ဘုရားရှင်ဟောကြားတော်မူသော ပုညကိရိယာဝတ္ထုများ) ကို အခြေခံ၍ သွားသော လမ်းဖြစ်သည်။  * ကျင့်စဉ်: ပေးကမ်းလှူဒါန်းခြင်း (ဒါန)၊ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို ထိန်းသိမ်းခြင်း (သီလ)။  * ရည်ရွယ်ချက်/ဦးတည်ရာ: လူ့ဘဝ၊ နတ်ဘဝ (ကာမသုဂတိဘုံ) များသို့ ရောက်ရှိရန်နှင့် သံသရာတွင် ချမ်းသာသုခ ခံစားရရန်။  * သဘောသဘာဝ: ဤလမ်းသည် သံသရာဝဋ်အတွင်း၌သာ လည်ပတ်သေးသော ဝဋ်ဂါမိလမ်း ဖြစ်သည်။ အပါယ်လေးပါးမှ လွတ်မြောက်စေသော်လည်း ကံကုန်လျှင် ပြန်လည်ကျဆင်းနိုင်သည့် "မမြဲသော လမ်း" ဖြစ်သည်။ ## ၂။ ဈာန်လမ်း (The Path of Jhāna / Concentration) ဈာန်လမ်းဆိုသည်မှာ စိတ်ကို အာရုံတစ်ခုတည်း...

လောကီနှင့် လောကုတ္တရာ

ပုညကိရိယဝတ္ထုသုတ် (အံ၊၃၊၇၂) မှာ မေတ္တာဘာဝနာက လောကီကုသိုလ်တွေထဲမှာ အမြင့်ဆုံးပဲလို့ ဆိုတယ်။ ဝေလာမသုတ် (အံ၊၃၊၁၉၇) မှာတော့ မေတ္တာဘာဝနာ ပွားများတာထက် အနိစ္စသညာကို ပွားများခြင်းက ပိုပြီး အကျိုးများကြောင်း ဆိုထားပါတယ်။ ဒါဆိုရင် အနိစ္စသညာကို ပွားများတာက လောကီအဆင့် မဟုတ်တော့ဘဲ လောကုတ္တရာအဆင့် ဖြစ်သွားပြီလို့ ကောက်ချက်ချလို့ ရတယ်။ ဘာ့ကြောင့်လဲ? အနိစ္စသညာ ပွားနေတဲ့ အခိုက်အတန့်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ရှိမနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မပါဘဲ လုပ်တဲ့ အလုပ်မှန်သမျှက လောကုတ္တရာ ဖြစ်တယ်လို့ သက်မှတ်ရမှာ ဖြစ်ပါတယ်။ တဒင်္ဂနိဗ္ဗုတ  (တံ + အင်္ဂ + နိဗ္ဗုတ) ထို (ဝိပဿနာ) ဂုဏ်-အစိတ်-အဖို့-ဖြင့် (ကိလေသာတို့မှ) ငြိမ်းအေးပြီးသော၊သူ။ တဒင်္ဂနိဗ္ဗုတော (သံ၊၂၊၃၅)တိ တေန ဝိပဿနင်္ဂေန ကိလေသာနံ နိဗ္ဗုတတ္တာ တဒင်္ဂနိဗ္ဗုတော။ သံ၊ဋ္ဌ၊၂။၂၄၇။ (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄) တဒင်္ဂနိဗ္ဗာနသုတ်  [တဒင်္ဂ+နိဗ္ဗာန] ထိုထို ပဋ္ဌမစျာန်စသော ၉ ပါးသော ဝိဟာရသမာပတ် ဂုဏ်အစိတ်ဖြင့် ကိလေသာ ငြိမ်းအေးနိုင်ပုံကို အရှင်ဥဒါယီအား အရှင်အာနန္ဒာ ဟောပြရာသုတ်။ (အံ၊၃၊၂၄၆) (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄)  တဒင်္ဂနိရောဓ...

ပုညနှင့် ကုသလ အထူး

ပုညသည် လောကီဖြစ်၍ ကုသလသည် လောကီ၊ လောကုတ္တရာနှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကောင်းမှု (ပုည) ကို ပြုလုပ်လျှင်  လူ၊ နတ်၊ ဗြဟ္မာစည်းစိမ်နှင့် လောကီကောင်းကျိုးချမ်းသာတို့ကို ရနိုင်သည်။ ကောင်းမှုကုသိုလ် (ကုသလ) ကို ပြုလုပ်လျှင် လောကီကောင်းကျိုးချမ်းသာ သာမက မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ အကျိုးထူးတရားတို့ကိုပါ ရရှိခံစားနိုင်သည်။  ပုညသည် အာသဝတရားတို့နှင့် ရောယှက်နေ၍ ကုသလသည် တခါတရံ အာသဝတရားတို့နှင့်အတူဖြစ်၍ တခါတရံ အာသဝတရားတို့ ကုန်ကြောင်း အကျင့်ကောင်း ဖြစ်ပေသည်။ ပုညဘာဂိယ၊ ပုညာဘိသင်္ခါရ (ပဋိစ္စသမုပ္ပါဒ်) အနုတ္တရံ ပုညခေတ္တံ လောကဿ ပုညကြိယာဝတ္ထုသုတ် (အံ၊၃၊၇၂)  ဣဋ္ဌသုတ် (အံ၊၂၊၄၂) ၏ အဆုံးပိတ် ဂါထာတို့၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြံအရံများခြင်း၊ နတ်ပြည်တို့ကို ပုညကိရိယာ = ကောင်းမှုတို့ကို ပြုခြင်းဖြင့် ရောက်နိုင်ကြောင်း ဆိုထားသည်။ ဆိုလိုသည်မှာ ထိုလောကီကောင်းကျိုးတို့ကို ရလျှင်လို ပုညဟု ခေါ်ဆိုသော ကောင်းမှုတို့ကို ပြုလုပ်ရမည် ဖြစ်သည်။ ပုညာနိ ပရလောကသ္မိံ၊ ပတိဋ္ဌာ ဟောန္တိ ပါဏိနံ။ သတ္တဝါတို့အတွက် ကောင်းမှု (ပုည) တို့သည် နောက်ဘဝ၌ ထောက်တည်ရာ ဖြစ်ကုန်၏။  မေတ္တသုတ် (အံ၊၂၊...

ဝီရိယ (၃) မျိူး

 ပါဠိတော်နည်း ဝီရိယသုံးပါး မည်သည့်နည်းစနစ်ဖြင့်ပင် အားထုတ်သည်ဖြစ်စေ တရားရှုမှတ် မှုကို ပြုသည့်အခါ ယောဂီ၏ ဝီရိယသည် အင်္ဂါ (၃) ရပ်တို့နှင့် ပြည့်စုံစေရ မည် ဖြစ်၏။ ဝီရိယကို မြှင့်တင့်သည့်အခါ ဤအင်္ဂါသုံးရပ်ဖြင့် မြှင့်တင် ရမည်။ ကိုယ်ဆင်းရဲခြင်းသဘောကိုဖြစ်စေ၊ စိတ်ဆင်းရဲခြင်း သဘောကို ဖြစ်စေ ရင်ဆိုင်သည့်အခါ (သို့မဟုတ်) အားထုတ်သည့် အခါတို့၌လည်း ဤဝီရိယအင်္ဂါသုံးပါးသည် ကိလေသာမာရ်ကို ဖျက်ဆီးမည့် လက်နက် သဖွယ် အားကိုးထိုက်သည်လည်း ဖြစ်၏။ ဤဝီရိယ အင်္ဂါသုံးပါးတို့နှင့် ပြည့်စုံလျင် အရိုးကြေကြေ၊ အရေခန်းခန်း ဇွဲမလျှော့စတမ်း အားထုတ် နိုင်သည်သာ ဖြစ်သည်။ ဝီရိယအင်္ဂါသုံးပါးကို မြတ်စွာဘုရားသည် ဝီရိယနဲ့ ပတ်သက်သည့် ဒေသနာတော်များ၌ ထည့်၍ ဟော်တော်မူလေ့ရှိ၏။  ၎င်းတို့မှာ (၁) အစွမ်းကုန်အားထုတ်၍ ရှုမှတ်ခြင်း (ထာမ)၊ (၂) မပြတ်မလပ် တရစပ် ရှုမှတ်ခြင်း (ဒဠှပရက္ကမ)၊ (၃) လက်မလျှော့၊ အရှုံးမပေးပဲ ရှုမှတ်ခြင်း (အနိက္ခိတ္တဓုရ)။ (ဝိတ္တထသုတ်၊ အံ၊၂၊ ၂) (၁) ထာမဟူသည်စွမ်းရည်သတ္တိ (capacity)ကို ဆိုလိုသည်။ လူတစ်ယောက်၌ရှိသော ကိုယ်ခန္ဓာစွမ်းအားနှင့် အသိစိတ်စွမ်းအားကို ဆိုလိုသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သည့်အခါ ယောဂီသည် ...

ပါဠိတော်ကို ပါဠိတော်ဖြင့် ဖွင့်ဆိုခြင်း

အညမညဝုဋ္ဌာပနေန အဖွင့်၊ ဒုဗ္ဗစသိက္ခာပုဒ်၊ ဝိ၊ ၁၊ ၂၇၂-၌ အညမညဝုဋ္ဌာပနေနဟု ပါရှိသည်။ ၎င်းကို အနင်္ဂဏသုတ်၊ မ၊ ၁၊ ၃၈-၌ “ အကုသလာ ဝုဋ္ဌာပေတွာ ကုသလေ ပတိဋ္ဌာပေတိ ”ဟု ပြဆိုထားသည်ဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် အာပတ်ကုစားခြင်းကို လောကဝဇ္ဇသိက္ခာ ပုဒ်များဖြစ်ပါက အကုသိုလ်မှထစေခြင်းဟု နားလည်နိုင်ကြောင်း စာသင်သားများအား အသိပေးနိုင်ပါသည်။ ကိန္တိသုတ်၊ မ၊ ၃၊ ၂၉ စသည်၌လည်း ထိုစကားပါရှိသည်။  အရဟံအဖွင့် (မဟာအဿပုရသုတ် - မ၊၁၊၃၄၈) (အရိယသုတ် - အံ၊၂၊၅၀၉) အရိယာအဖွင့် (မဟာအဿပုရသုတ် - မ၊၁၊၃၄၈) ပုရိသဒမ္မသာရထိအဖွင့် (ကေသိသုတ် - အံ၊၁၊၄၂၇။) (အနုတ္တရော ပုရိသဒမ္မသာရထိအတွက်၊ ဂဏကမောဂ္ဂလ္လာနသုတ် = (မ၊၃၊၅၃) ၌ “တထာဂတော ပုရိသဒမ္မံ လဘိတွာ”စသည်ဖြင့် လာရှိသည်။ သန္ဒကသုတ် - (မ၊၂၊၃။) “အဟဉှိ ဘန္တေ ပဟောမိ ဟတ္တိဒမ္မံ သာရေတုံ” စသည်ကိုလည်း ထည့်သွင်းနိုင်သည်။) ဗြာဟ္မဏအဖွင့် (မဟာအဿပုရသုတ် - မ၊၁၊၃၄၈) သမဏအဖွင့် (မဟာအဿပုရသုတ် - မ၊၁၊၃၄၇) သတိ သာမီစိပ္ပဋိပန္န / သာမီစိပ္ပဋိပဒံ ပဋိပန္နော (မ၊၁၊၃၅၁) သဒ္ဓါ

မာယာ သာဌေယျ

မာယာ  ... မကောင်းမှုပြုထားပါလျက် မလုပ်ထားသလို ဟန်ဆောင်ဖုံးကွယ်ခြင်းသည် မာယာမည်၏။ အမှန်တကယ် အပြစ်ရှိနေသော်လည်း လိမ္မာပါးနပ်စွာဖြင့် သူတပါးမသိအောင် ဖုံးဖိထားတတ်ခြင်း ဖြစ်သည်။  (ကတပဋိစ္ဆာဒနလက္ခဏာ မာယာ နာမ ဝုစ္စတိ၊ အဘိ၊ ဋ္ဌ၊ ၂၊ ၄၇၅။) သာဌေယျ ....  မိမိမှာ တကယ်မရှိသော ကောင်းဂုဏ်ရှိ‌လေဟန်ပြုမူပြခြင်းသည် သာဌေယျမည်၏။ မိမိ၌မရှိသော ဂုဏ်ကို ရှိသယောင် ထုတ်ဖော်ပြသခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်းသဘောဖြစ်သည်။  (အတ္တနော အဝိဇ္ဇမာနဂုဏပ္ပကာသနလက္ခဏံ သာဌေယျံ နာမ ဝုစ္စတိ၊) အဘိ၊ ဋ္ဌ၊ ၂၊ ၄၇၅။)  ----- မာယာ စ ပါပိကာ သာဌေယျဉ္စ ပါပကံ, (မ၊ ၁၊ ဓမ္မဒါယာဒသုတ်၊ ၁၉၊) မာယာ စိတ္တဿ ဥပက္ကိလေသော, သာဌေယျံ စိတ္တဿ ဥပက္ကိလေသော၊  (မ၊ ၁၊ ဝတ္ထသုတ်၊ ၄၄၊) ----- လှည့်ပတ်မှု 'မာယာ' ၈၉၄။ ထိုတွင် အဘယ်သည် လှည့်ပတ်မှု 'မာယာ' မည်သနည်း။  (အဘိ၊ ၂၊ ၃၇၈) ဤလောက၌ အချို့သူသည် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍၊ နှုတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၍၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၍ ထို (မကောင်းသော အကျင့်) ကို ဖုံးလွှမ်းခြင်းငှါ ယုတ်မာသော အလိုကို ရှေ့ရှုထား၏။ ငါ့ကို မသိစေလင့်ဟု အလိုရှိ၏၊ ငါ့ကို မသိစေလင့်...

မစိုးရိမ် မေတ္တာပို့

နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စဥ်ရှိခိုးမယ်၊ အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။ မျက်နှာသစ်လျှင် ရေကိုမြင်၊ မြင်စဥ် မေတ္တာပွားပါ့မယ်၊ သစ်ရင်းသစ်ရင်း လျော့ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်။ တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မဝင်နိုင်က၊ ပြိုင်တတ်တယ်။  ပြိုင်မဲ့အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်။  ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။  နိုင်မဲ့အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။  ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊ မဝင် ဣဿာ၊ ယိုင်တတ် တယ်။  ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။  သဗ္ဗေသတ္တာ၊ သတ္တဝါ၊ ကံသာမူလ၊ ပိုင်ကြတယ်။  ပိုင်သည့် အရေး၊ စိတ်ကတွေး၊ အေးအေးမြမြ နေပါ့မယ်။  စိတ်ကိုလဲပြင်၊ ရုပ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ လူတိုင်းလှ၊ သုခနိဗ္ဗာန် တိုင်လိမ့်မယ်။ မစိုးရိမ် ပဋ္ဌာန်းဆရာတော်ဘုရားကြီး  (ငယ်စဥ်က ဝိသုဒ္ဓါရုံဆရာတော်ကြီးဟု မှတ်သားခဲ့ရပါသည်။) အခါတော်နေ့များ (မာဂဓီ သာစည်) စာအုပ် (နှာ - ၁၂၇) မှ အဆိုပါ စာအုပ်မှာ "သဗ္ဗေသတ္တာ၊ သတ္တဝါ၊ ကံသာမူလ၊ ပိုင်ကြတယ်။  ပိုင်သည့် အရေး၊ စိတ်ကတွေး၊ အေးအေးမြမြ နေပါ့မယ်။" ဆ...

ကဿပသံယုတ် (သံ၊၁၊၃၉၉)

အရှင်မဟာကဿပနှင့် ဆက်စပ်၍ အရှင်မြတ်၏ဂုဏ်ရည်များ , မြတ်ဘုရားနှင့် အရှင်မြတ်တို့၏  သံဃာ့အရေး သာသနာ့အရေး ဆွေးနွေးချက်များ ကို စုစည်းပြထားသော ကဿပသံယုတ်သည် သုတ္တန်ပိဋကတ် သံယုတ္တနိကာယ် နိဒါနဝဂ္ဂသံယုတ်ဆယ်ခုရှိရာ  ပဉ္စမသံယုတ်နေရာ၌  တည်ရှိပြီး သုတ်ဆယ့်သုံးသုတ်ဖြင့်  ဖွဲ့စည်းထားပါသည်။ထိုဆယ့်သုံးသုတ်ကို ပိုင်းခြားလေ့လာလျှင် *အရှင်မြတ်၏ ဂုဏ်ရည်များပြဆိုချက် *မြတ်ဘုရားနှင့် အရှင်မြတ်တို့၏ သာသနာ့အရေး သံဃအရေးဆွေးနွေးချက် *အရှင်မြတ်၏ ဩဇာအရှိန်အဝါ  ဟု သုံးပိုင်းတွေ့ရပါသည်။ ဤသံယုတ်၌ အရှင်မြတ်၏ ဂုဏ်ရည် ဆယ့်ရှစ်ချက်ကို ရှာတွေ့ပါသည်။  ၁။ ရတတ်သမျှသော ပစ္စည်းလေးပါးဖြင့်ရောင့်ရဲခြင်း ၂။ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုခြင်း ၃။ မအပ်စပ်သောနည်းဖြင့် ပစ္စည်းလေးပါးကို မရှာဖွေခြင်း ၄။ပစ္စည်းလေးပါးကိုရပါရစေဟု မတောင့်တခြင်း ၅။ရလာသောပစ္စည်းလေးပါးအပေါ်၌ မက်မောမှုမရှိခြင်း ၆။ အပြစ်ကိုရှု၍ ပညာဖြင့် ဆင်ခြင်သုံးဆောင်ခြင်း (သန္တုဋ္ဌသုတ်) ၇။ ဒကာ ဒကာမတို့နှင့်  ကိုယ်ဝေးစိတ်ခွာ ဆက်ဆံခြင်း ၈။ ဒကာ ဒကာမတို့အပေါ်၌ သံယောဇဉ်မထားခြင်း ၉။ ဒကာ ဒကာမတို့  ကောင်းမှုဖြစ်ထွန်းပါစေဟူသော မေတ္တ...