၍၊ ၌၊ ၏၊ ၎င်း အက္ခရာတွေ ဖြစ်ပေါ်လာပုံ
ကိုသိမ်းမြတ် (ဆရာကြီး ဒေါက်တာထွန်းတင့် တင်ပြတာကို ကိုသိန်းမြတ် (အလင်္ကာပုလဲပန်း - TM media) က ပြန်လည် တင်ဆက််ထားတာပါ။) ၁၂ မတ်၊ ၂၀၁၉ ရေဦးက ဦးမြင့်ကိုက မြန်မာအက္ခရာတွေ ဖြစ်ကြတဲ့ "၍၊ ၌၊ ၏၊ ၎င်း"ဆိုတဲ့စကားလုံးတွေ အကြောင်း သိချင်ပါတယ်လို့ မေးပါတယ်။ ဦးမြင့်ကိုရဲ့ မေးခွန်းက သိပ်ကောင်းတဲ့မေးခွန်းပါ။ မြန်မာအက္ခရာတွေ အနက်မှာ အဲဒီ ၄ လုံးဟာ မူလ အက္ခရာတွေ မဟုတ်ဘဲ လူဖန်တီး ဖြစ်ပေါ်လာတဲ့ အက္ခရာတွေဆိုတော့ အဲဒီအက္ခရာတွေ ဖြစ်ပေါ်လာပုံကိုက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ မြန်မာ အက္ခရာတွေထဲမှာ "ဧ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်" ဆိုတဲ့ အက္ခရာတွေလည်း ရှိပါသေးတယ်။ အဲဒီ အက္ခရာတွေကတော့ မူလကတည်းက ရှိနေတဲ့ အက္ခရာတွေပါ။ အဲဒီအက္ခရာတွေရဲ့ ပုံသဏ္ဌာန် ဟာ နည်းနည်းလောက်သာ အပြောင်းအလဲရှိပါတယ်။ သူတို့အကြောင်းက သိပ်များများစားစား ပြောစရာမရှိလှပါဘူး။ ဦးမြင့်ကို မေးတဲ့ "၍၊ ၌၊ ၎င်း၊ ၏" အက္ခရာ ၄ လုံး ဖြစ်ပေါ်လာပုံကတော့ ပြောစရာ တော်တော်ရှိပါတယ်။ မြန်မာစာအဖွဲ့က ဆရာကြီး ဒေါက်တာ ဦးထွန်းတင့်နဲ့ မေးမြန်းထားတာကို ပြန်တင်ပြ ပေးမှာပါ။ "၍" _____ "၍"ဆိုတာ "ရွေ့"ဆိုတဲ့စာလုံးနဲ့ တန်ဖိ...