ဝီရိယ (၃) မျိူး
ပါဠိတော်နည်း ဝီရိယသုံးပါး မည်သည့်နည်းစနစ်ဖြင့်ပင် အားထုတ်သည်ဖြစ်စေ တရားရှုမှတ် မှုကို ပြုသည့်အခါ ယောဂီ၏ ဝီရိယသည် အင်္ဂါ (၃) ရပ်တို့နှင့် ပြည့်စုံစေရ မည် ဖြစ်၏။ ဝီရိယကို မြှင့်တင့်သည့်အခါ ဤအင်္ဂါသုံးရပ်ဖြင့် မြှင့်တင် ရမည်။ ကိုယ်ဆင်းရဲခြင်းသဘောကိုဖြစ်စေ၊ စိတ်ဆင်းရဲခြင်း သဘောကို ဖြစ်စေ ရင်ဆိုင်သည့်အခါ (သို့မဟုတ်) အားထုတ်သည့် အခါတို့၌လည်း ဤဝီရိယအင်္ဂါသုံးပါးသည် ကိလေသာမာရ်ကို ဖျက်ဆီးမည့် လက်နက် သဖွယ် အားကိုးထိုက်သည်လည်း ဖြစ်၏။ ဤဝီရိယ အင်္ဂါသုံးပါးတို့နှင့် ပြည့်စုံလျင် အရိုးကြေကြေ၊ အရေခန်းခန်း ဇွဲမလျှော့စတမ်း အားထုတ် နိုင်သည်သာ ဖြစ်သည်။ ဝီရိယအင်္ဂါသုံးပါးကို မြတ်စွာဘုရားသည် ဝီရိယနဲ့ ပတ်သက်သည့် ဒေသနာတော်များ၌ ထည့်၍ ဟော်တော်မူလေ့ရှိ၏။ ၎င်းတို့မှာ (၁) အစွမ်းကုန်အားထုတ်၍ ရှုမှတ်ခြင်း (ထာမ)၊ (၂) မပြတ်မလပ် တရစပ် ရှုမှတ်ခြင်း (ဒဠှပရက္ကမ)၊ (၃) လက်မလျှော့၊ အရှုံးမပေးပဲ ရှုမှတ်ခြင်း (အနိက္ခိတ္တဓုရ)။ (ဝိတ္တထသုတ်၊ အံ၊၂၊ ၂) (၁) ထာမဟူသည်စွမ်းရည်သတ္တိ (capacity)ကို ဆိုလိုသည်။ လူတစ်ယောက်၌ရှိသော ကိုယ်ခန္ဓာစွမ်းအားနှင့် အသိစိတ်စွမ်းအားကို ဆိုလိုသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သည့်အခါ ယောဂီသည် ...