သုတ်အမည် ပေးပုံများ
အရှင်ဇနနန္ဒ ၂၀။ သုတ်အမည်ပေးပုံများ သို့မဟုတ် နိကာယ်ငါးရပ်ကို အတွင်းကျကျ လေ့လာနည်း (နိကာယ်အမည်ပေးပုံ ………………………………………………… နိကာယ်က ငါးရပ်ရှိပါတယ်။ ဒီဃနိကာယ် မဇ္စျိမနိကာယ် သံယုတ္တနိကာယ် အင်္ဂုတ္တရနိကာယ် ခုဒ္ဒကနိကာယ်တို့ ဖြစ်ပါတယ်။ အဲဒီမှာ ဒီဃနိကာယ်ဆိုတာ ရှည်လျားတဲ့ သုတ်တွေပေါင်းစု ထားတာ။ မဇ္စျိမနိကာယ်ဆိုတာ အလတ်စား သုတ်တွေ ပေါင်းစုထားတာ။ သံယုတ္တနိကာယ် ဆိုတာ ဆက်စပ်တဲ့ တရားတွေ ပေါင်းစုထားတာ။ အင်္ဂုတ္တရနိကာယ်ဆိုတာ ၁-ကနေ ၁- ထက်ပိုတဲ့ ၁၁-အထိသော သင်္ချာကိန်းပြတရားတွေ ပေါင်းစုထားတာ။ ခုဒ္ဒကနိကာယ်ဆိုတာ ခုဒ္ဒကပါဌစတဲ့ ကျန်တရားတွေ ပေါင်းစုထားတာကို ခေါ်ပါတယ်။ ဒါက နိကာယ် အမည်ပေးပုံဖြစ်ပါတယ်။ သုတ်အမည်ပေးပုံက ထိုသုတ်မှာပါတဲ့ ၁။ ရဟန်းဘွဲ့တော် လူနာမည်ကို အစွဲပြုပေးထားတာရှိတယ်။ ဥပမာ သာရိပုတ္တသုတ်... အရှင်သာရိပုတ္တရာ၊ သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊ ပိုဒ်ရေ ၂၁၄-စသည်။ အမ္ဗဋ္ဌသုတ်...ပုဏ္ဏားလုလင်အမည်၊ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ ပိုဒ်ရေ ၂၅၄( အစ) ……… ၂။ ထိုသုတ်မှာပါတဲ့ တရားဟောရာအရပ်ဒေသကို အစွဲပြုပေးထားတာရှိတယ်။ ဥပမာ ဣစ္ဆာနင်္ဂလသုတ်၊ သံယုတ္တနိကာယ်၊ မဟာဝဂ္ဂသံယုတ်၊ ပိုဒ်ရေ...၉၈၇၊ ....... ၃။ ...