ယူဇနာ အတိုင်းအတာ
ယူဇနာနှင့် ခေတ်သစ်အကွာအဝေး ___________________________ ရှေးခေတ် ကျမ်းဂန်များက ယူဇနာ အကွာအဝေးနဲ့ ယနေ့ခေတ်မိုင်ဘယ်လောက်ရှိမလဲ ဆိုတော့ အတိအကျတော့ မပြောနိုင်။ တောင်ပေါက်ဆရာတော်ကြီးက ယူဇနာတွက်ပုံ (၄) နည်းကို သာသနိက ပထဝီဝင်ကျမ်း မှာ ပြထားပါတယ်။ ယနေ့ခေတ် Google map ပေါ်မှာ location ရိုက်လိုက်ရင် ကားလမ်းအတိုင်း အကွာအဝေးခန့်မှန်းကို ပြပေးပါတယ်။ သို့သော် ရှေးခေတ်က မြို့တည်နေရာတွေက ယနေ့ခေတ်ကျန်ရစ်တဲ့ အုတ်ရိုးရှိရာနေရာတွေနဲ့ အသေအချာ ပြောဖို့ ခက်တော့ အနည်းငယ် ကွဲလွဲချက်တော့ ရှိနိုင်ပါတယ်။ ရှေးခေတ်နေရာတွေထဲက နေရာနှစ်နေရာလုံးကို အသေအချာနီးပါး အတည်ပြုနိုင်တဲ့ နေရာတွေရဲ့ တစ်နေရာနဲ့ တစ်နေရာအကွာအဝေးကို ရှေးက ယူဇနာနဲ့ ယခု မိုင် အတိုင်းအတာ ဆက်စပ်မှု အရအောက်ပါအတိုင်း တွေ့ရပါတယ်။ ၁။ သာဝတ္ထိ-သာကေတ။ အကွာအဝေး ရှေးခေတ် (၆/၇) ယူဇနာ၊ ယနေ့ခေတ်ကားလမ်းအတိုင်း အတိိုဆုံးလမ်း မိုင် (၆ဝ) ဆိုတော့ ၇-ယူဇနာ နဲ့ တွက်ရင် ၁ ယူဇနာ (၈) မိုင်ခွဲ၊ ၆ ယူဇနာ ဆိုရင် ၁ ယူဇနာ (၁ဝ) မိုင် ဖြစ်ပါလိမ့်မယ်။ ၂။ ရာဇဂြိုဟ်-နာလန္ဒာ။ ရှေးက ၁ ယူဇနာ၊ ယခု ကားလမ်းအတိုဆုံး (၈.၆) မိုင်။ ၃။ ကုသိနာရုံ- ရာဇဂြိုဟ် ။ရှေးက (၂၅) ယူ...