Posts

Showing posts from July, 2025

ဥက္ကုဋိကံ ပုဒ် အနက်အယူအဆ သုတေသန

Image
အင်းစိန်ရွာမဆရာတော်ကြီး၏ ဥက္ကုဋိကံ~ပုဒ် အနက်အယူအဆ သုတေသန ********************************************* (မှတ်ချက်။ ဆရာတော်ဘုရားကြီး၏ ယခုစာမူကို ပြန်လည်ကူးယူဖော်ပြလိုသူများအနေဖြင့် #စာနှင့်ပုံတွဲကြည့်မှသဘောပေါက်မှာမို့ စာနှင့်ပုံတစ်ပါတည်းပါအောင် ကူးယူဖော်ပြကြဖို့ လေးစားစွာ သိစေအပ်ပါသည်။ ဇေတဝန်စာပေ) ------------ #မြန်မာ့ရှေးရိုးစဉ်လာ #အရိုအသေပေးထိုင်ပုံ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ယနေ့ မြန်မာလူမျိုးများ ဘုရားရှိခိုးရာ, ဆရာတော်သံဃာတော်များ, လူကြီးသူမများကို ရှိခိုးရာစသည်တို့၌ ထိုင်ပုံ ထိုင်နည်း အမျိုးမျိုးတွေ့ရသည်၊ #အချို့အမျိုးသားများက #ဆောင့်ကြောင့်ထိုင်အနေအထား၊ #အချို့အမျိုးသားများနှင့်အမျိုးသမီး များက #ပုဆစ်တုပ်ထိုင်အနေအထား ဤ၂-မျိုး အတွေ့များသည်၊  ပုဆစ်တုပ်ထိုင်ရာ၌လည်း ခြေထောက်နှစ်ဖက်လုံးကို တင်ပါး အောက်သွင်းကာ ခြေဖဝါးများပက်လက်လှန်၍ အပေါ်က တင်ပါးဖိထိုင်သော ပုဆစ်တုပ်နည်း၊ ခြေထောက်နှစ်ချောင်းဘေးမှာ ကွေး၍ တင်ပါးလွှဲထိုင်သော ပုဆစ်တုပ်ထိုင်နည်းဟု ၂-မျိုးတွေ့ရသည်၊ အဆိုပါ ၂-မျိုးလုံးကိုပင် ပုဆစ်တုပ်ထိုင်နည်းဟု ဆိုလိုပါသည်။ #နမူနာပုံများ 🍡🍡🍡🍡🍡 မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံများကို ...

အာနန္ဒမေတ္တေယျ ဘိက္ခု

 အဘိဓမ္မာကို ဓာတ်ခွဲခန်းဖွင့်ခဲ့သူ အာနန္ဒမေတ္တေယျဘိက္ခု ____________________ ကိုလိုနီခေတ်က အဘိဓမ္မာ စိတ်ဝီထိဖြစ်စဉ်များ သိပ္ပံနည်းကျ သက်သေပြရန် ကြိုးစားခဲ့ဖူးသည့် ဥရောပရဟန်းတော်မှာ ဥရောပသားများတွင် ဒုတိယ ထေရဝါဒ ဗုဒ္ဓဝါဒီ ရဟန်းအဖြစ် ခံယူခဲ့သူ အာနန္ဒ မေတ္တေယျခေါ် လူအမည် အယ်လန် ဘင်းနက် (Allan Bennett) ဖြစ်သည်။ ဆရာကြီး ပါရဂူက သူ၏ "ပဏ္ဍိတကထာ" စာအုပ်တွင် အလ်လန် ဘင်းနက်သည် သီဟိုဠ်တွင် ရဟန်းခံခဲ့၍ မြန်မာပြည်သို့ ကြွရောက်ခဲ့သည် ဟုဖော်ပြထားသည်။ သို့သော်လည်း အာနန္ဒ မေတ္တေယျ၏ အတ္ထုပ္ပတ္တိကို အတော်အတန် အပြည့် အစုံ​ စနစ်တကျ ရေးသားသူ အဲလီဇဘတ် ဂျေ ဟားရစ် ကမူ အယ်လန်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သာမဏေပြုခဲ့၍ စစ်တွေ၌ပင် ရဟန်းခံခဲ့သည် ဟု ဖော်ပြထားရာ သူ၏ မှတ်တမ်းက ပို၍ မှန်ကန်မည် ထင်သည်။  အာနန္ဒမေတ္တေယျ ဘိက္ခုသည် ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံမှ အင်္ဂလန်သို့ ပထမဆုံး အကြိမ် သွားရောက်ခဲ့သော ဗုဒ္ဓသာသာနာပြု အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ အာနန္ဒ မေတ္တေယျသည်  မြန်မာနိုင်ငံ ရန်ကုန်တွင် နေထိုင်ကာ နိုင်ငံတကာ ဗုဒ္ဓဝါဒ အသင်းကိုတည်ထောင်ခဲ့၍ ၁၉၀၃ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် ဗုဒ္ဓဝါဒဆိုင...

အနုရုဒ္ဓါ ၊ အရှင် (အေဒီ ၁၂-ရာစု မတိုင်မီ)

  အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းပြုဆရာအကြောင်း အရှင်အနုရုဒ္ဓါသည် အဘိဓမ္မတ္ထသင်္ဂဟ-ဟူသော အရှင်မြတ် ရေးသားသည့်ကျမ်းစာကြောင့် ထေရဝါဒနိုင်ငံရှိ ဗုဒ္ဓဘာသာလောက၌ အလွန်ထင်ရှားသည်။ မြန်မာနိုင်ငံ ၌မူ ထိုကျမ်းကို အဘိဓမ္မာအခြေခံကျမ်းစာအဖြစ် ငယ်စဉ်ကပင် သင်ယူကြရသည်။ ရာစုနှစ်ပေါင်းများစွာ ကတည်းက မြန်မာဆရာတော်ကြီးများသည် အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်)ကျမ်းကို ဗဟိုပြု၍ နိဿယ၊ အရကောက်၊ ဂဏ္ဌိ- စသည့် အဘိဓမ္မာဆိုင်ရာ ကျမ်းမျိုးစုံကို ပါဠိမြန်မာ နှစ်ဘာသာဖြင့် ရေးသားခဲ့ကြသည်။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းဟူသော လှေငယ်ဖြင့် အဘိဓမ္မခုနစ်ကျမ်းဟူသော သမုဒ်ပြင်ကျယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကူးခတ်နိုင်ခဲ့ကြသည်။ ကျမ်းစာပင် သေးငယ်သော်လည်း အဘိဓမ္မာလေ့လာသူ တစ်ယောက်အဖို့ အဖိုးမဖြတ်နိုင်သော ရတနာနှင့် ပမာတူသည်။ ယခုအခါ ယင်းကျမ်းကို ဘာသာအမျိုးမျိုးတို့ဖြင့် ပြန်ဆိုထားပြီးဖြစ်သည်။ ဤအရှင်သည် အဘိဓမ္မတ္ထသင်္ဂဟကျမ်းအပြင်  နာမရူပပရိစ္ဆေဒ နှင့်  ပရမတ္ထဝိနိစ္ဆယကျမ်း တို့ကိုပါ ရေးခဲ့သည်။  အနုရုဒ္ဓသာတက အမည်ရှိ (သက္ကတဘာသာ) ကျမ်းကိုလည်း ဤအရှင်မြတ်ပင် ရေးသားခဲ့သည်ဟု သီဟိုဠ် ပါဠိစာပေသမိုင်း ပညာရှင်တို့ ကျယ်ပြန့်စွာလက်ခံ ယုံက...

ကမ္ဘာ့ဘာသာကြီးများ သမိုင်း

ဘာသာကြီးလေးခု အနှစ်သာရများ (ညိုသောင်း)