Posts

Showing posts with the label ဝိနည်း

ကမ္မာကမ္မ / ကံကြီးကံငယ်

တဇ္ဇနီယကံ   (တိပိအဘိဓာန်အတွဲ၉၊၅၆ကို ကြည့်၍ ရေးပါသည်။) ခြိမ်းချောက်မှုဖြစ်သော ဝိနည်းကံကို တဇ္ဇနီယကံဟု ခေါ်သည်။ ကိုယ်တိုင် ခိုက်ရန်ပြုတတ်ပြီး အခြားရဟန်းတို့ကို ခိုက်ရန်ပြုရန်အားပေးအားမြှောက်ပြုတတ်သော ( ဆဗ္ဗဂ္ဂီ)ရဟန်းတို့အား ထို အပြစ်မှ ရှောင်ကြဉ်ရန် အပြစ်ဒဏ်ပေးရန် ဘုရားရှင်ပညတ်တော်မူအပ်သော ဉတ္တိစတုတ္ထကံ အမျိုး အစားဖြစ်သည်။ (ဝိ၊၄၊၃-၉။) (၁) ခိုက်ရန်ပြုခြင်း၊ (၂) ဗာလဖြစ်၍ အာပတ်သင့်မှုများခြင်း၊ (၃) လူတို့နှင့် ရောနှောနေခြင်း၊ (၄) သီလပျက်စီး၍ နေခြင်း၊ (၅) အကျင့်ပျက်စီး၍ နေခြင်း၊ (၆) အယူ ပျက်စီး၍ နေခြင်း၊ (၇) ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၈) တရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း၊ (၉) သံဃာ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်းအားဖြင့် ဤအင်္ဂါ၉-ပါးတွင် တစ်ပါးပါးမျှ ရှိလျှင် ၎င်းကံကို ပြုရ၏။ (ဝိ၊၄၊၉၊၁၀။ ဝိ၊ဋ္ဌ၊၄၊၂။)  နိယဿကံ  (တိပိအဘိဓာန်အတွဲ၁၂၊၆၁၂သည် မပြည့်စုံသောကြောင့် အထက်ပါ တဇ္ဇနီယကံအဖွင့်ကို နည်းမှီရေးပါသည်။ ဝိနည်းပဒေသာသင်တန်းလာ စကားကိုလည်း ယူထားပါသည်။) “သင်သည် အမှီပြု၍ နေထိုင်ရမည်”ဟု ဆည်းကပ်စေကြောင်းဖြစ်သော ဝိနည်းကံကို  နိယဿကံဟု ခေါ်သည်။ သေယျသက အစပြုသော ဗာလရဟန်းကို က...

သုဇီဝံ အဟိရိကေန - ဓမ္မပဒ ၂၄၄၊ ၂၄၅

သုဇီဝံ  အဟိရိကေန, ကာကသူရေန ဓံသိနာ၊ ပက္ခန္ဒိနာ ပဂဗ္ဘေန, သံကိလိဋ္ဌေန ဇီဝိတံ။ (ဓမ္မပဒ - ၂၄၄) (အဟိရိကေန- (မကောင်းမှု လုပ်ရမှာ) အရှက်မရှိသော၊ (မကောင်းမှု လုပ်တဲ့နေရာမှာ) ကာကသူရေန- ကျီးကဲ့သို့ ရဲရင့်သော၊ ဓံသိနာ-သူတစ်ပါးတို့ ဂုဏ်ကို ဖျက်စီးလေ့ရှိသော၊ ပက္ခန္ဒိနာ- လူနေအိမ်တို့သို့ မကြာမကြာ ဝင်ရောက်သွားလာလေ့ရှိသော၊ ပဂဗ္ဘေန-လူတို့၌ ရဲတင်းလွန်းသော၊ (ဝါ) လူတို့၌ အရောတဝင် နေလေ့ရှိသော၊ သံကိလိဋ္ဌေန-ညစ်နွမ်းသူသည်၊ ဇီဝိတံ-အသက်မွေးမှုကို၊ သုဇီဝံ-လွယ်ကူစွာ အသက်မွေးအပ် အသက် မွေးနိုင်၏။) ဟိရီမတာ စ ဒုဇ္ဇီဝံ, နိစ္စံ သုစိဂဝေသိနာ၊ အလီနေနာပ္ပဂဗ္ဘေန, သုဒ္ဓါဇီဝေန ပဿတာ။ (ဓမ္မပဒ - ၂၄၅) မြစကြာ ဦးဝဏ္ဏိတာလင်္ကာရ = https://www.facebook.com/MSKgana/posts/pfbid0AKrhQekQapMgz1FBZo4Swg9hjnCVqCqPetp1tTqd9hCTm69mLdf7cEEGvB2AcLS2l ဦးမာနိတာဘိဝံသ (ခိုနန်း) = https://www.facebook.com/u.marnita.214922/posts/pfbid02gdbLk8fmRPRwVszTBkVJobWax45AhQkvksMQT3ZdNTFeUyr3aR47f3XndeY7Kq7tl ဦးဝိမလ = https://www.facebook.com/uvi.mala.1/posts/pfbid02Db1SxT3u656t6YjPhP6Wh8bjLBXLkDfUszGGu5DARyCFABKhE5pyTav6XJ4jeNESl အထက်က ဂါထာကို ပါ...

ရဟန်းနှင့် ပစ္စည်းလေးပါး

၁။ ပစ္စည်းလေးပါး၏ သရုပ်နှင့် အဓိပ္ပါယ် ရဟန်းတော်တစ်ပါးအတွက် ရှင်သန်ရပ်တည်ရေးနှင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံလိုအပ်ချက် လေးခု ရှိသည်။ ၄င်းတို့မှာ ပစ္စည်း (၄) ပါး (စတုပစ္စယ) ဖြစ်ပါသည်။ ၄င်းတို့မှာ (၁) ဆွမ်း (ပိဏ္ဍပါတ)၊ (၂) သင်္ကန်း (စီဝရ)၊ (၃) ကျောင်း (ဝိဟာရ) နှင့် (၄) ဆေး (ဘေသဇ္ဇ) တို့ဖြစ်သည်။ ပစ္စည်းလေးပါးသည် ရဟန်းတော်တစ်ပါးအတွက် "အသက်ဆက်ရန်" သာဖြစ်ပြီး၊ "ဇိမ်ခံရန်" မဟုတ်ပေ။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ဤပစ္စည်းလေးပါးကို အသုံးပြုရာတွင် အမှီပြုရုံသက်သက်သာ (နိဿယ) ဖြစ်စေရန် အမြဲသတိပေး တိုက်တွန်းတော်မူခဲ့သည်။ ၂။ ပစ္စဝေက္ခဏာ၏ အနှစ်သာရ ပစ္စည်းလေးပါးကို အသုံးပြုသည့်အခါတိုင်း "ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ခြင်း" သည် အလွန်အရေးကြီးပါသည်။ ထိုသို့ဆင်ခြင်၍ အသုံးပြုခြင်းကို သီလလေးမျိုးရှိသည့်အနက် "ပစ္စည်းကို မှီ၍ ဖြစ်သော သီလ = ပစ္စယသန္နိဿိတသီလ" ဟု ခေါ်ပါသည်။ ဤသို့ဆင်ခြင်ခြင်းသည် ရောင့်ရဲမှု (အပ္ပိစ္ဆတာ) ဘက်သို့ ဦးတည်စေပြီး၊ တဏှာလောဘတို့၏ ထိုးနှက်မှုကို ကာကွယ်ပေးသော ဒိုင်းကာတစ်ခု ဖြစ်သည်။ အသက်ရှည်စွာ၊ ဘေးရောဂါတို...

ပစ္စဝေက္ခဏာ ၄ ပါး

(အဖျားရောဂါ ပျောက်ခါစ နာလန်ထ ပုဂ္ဂိုလ်မှာ မသင့်တော်တဲ့ အစာတွေကို ရှောင်ရတယ်၊ မရှောင်နိုင်လို့ စားချင်ရင် အဲဒီအစာကို စားပြီးတဲ့အခါ အစာမှား အစာကြေဆေးကို စားရတယ်၊ အဲဒီလိုဆိုတော့ အဖျားရောဂါ မတက်ဘူး၊ ကိုယ်စားချင်တာ စားရလို့ အားအင်လည်း ပြည့်ဝတယ်၊ အဲဒါလိုပါပဲ။ ပစ္စဝေက္ခဏာ ဆင်ခြင်တာ၊ ရှုမှတ်တာဟာ သုံးစွဲတဲ့ ပစ္စည်းအားလုံးတို့နှင့် စပ်ပြီး ကိလေသာမဖြစ်ရအောင် ကာကွယ်တား မြစ် လိုက်တာပဲ။ (မဟာစည်ဆရာတော်၊ ဓမ္မစကြာတရားတော်ကြီး၊ တဆင့်- ရဝေနွယ်၏ အချစ်နှင့် ဝိပဿနာစာအုပ် ၃၃-မှ။) အစားစားတဲ့အခါ သတိသမ္ပဇဥ်နဲ့ စားရင်း အလိုလို ပစ္စဝေက္ခဏာ ဆင်ခြင်သလို ဖြစ်သွားတယ်။ (မဟာစည်ဆရာတော်ကြီး - ကွန်ဖန်းလုပ်ရန် - ကိုဉာဏ်မြင့်) သမ္ပဇညပဗ္ဗကိုလည်းကိုလည်း ကြည့်ပါ။ သဗ္ဗာသဝသုတ် (မ၊၁၊၁၂)

လောကဝဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇ

(ဘိက္ခုဝိဘင်း၌ လောကဝဇ္ဇသိက္ခာပုဒ် ၈၀ ရှိကြောင်း တိပိဓာန် အတွဲ ၁၈- စာ ၁၂၁ ၌ ရေပြထားသည်။) ... မင်းမြတ် ညစ်နွမ်းမှုအပြစ်တို့သည် လောကပြစ်၊ ပညတ်တော်ပြစ်ဟု နှစ်ပါးရှိကုန်၏။ မင်းမြတ် လောကပြစ်သည် အဘယ်နည်းဟူမူ- အကုသိုလ်ကမ္မပထတရားဆယ်ပါးတို့တည်း။ ဤအကုသလကမ္မပထတရားဆယ်ပါးကို လောကပြစ်ဟု ဆို အပ်၏။ ပညတ်တော်ပြစ်သည် အဘယ်နည်းဟူမူ- လောက၌ လူတို့အား အပြစ်မရှိစေကာမူ ရဟန်းတို့အားသာ မလျောက်ပတ် မလျော်ကန်သော အမှု၌ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ''အသက် ထက်ဆုံး မလွန်ကျူးအပ်''ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ မင်းမြတ် နေ့လွဲညစာ စားခြင်းသည် လူ၌ အပြစ်မရှိ။ ထိုနေ့လွဲညစာ စားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် မြက်သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းသည် လူ၌ အပြစ်မရှိ။ ထိုဖျက်ဆီးခြင်းသည် မြတ်စွာဘုရား သာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် ရေ၌ ရွှင်မြူး ကစားခြင်းသည် လူ၌ အပြစ် မရှိ။ ထိုရေ၌ ရွှင်မြူးကစားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ် ရှိ၏။ မင်းမြတ် ဤသို့ ဤသို့ သဘောရှိကုန်သော အမှုတို့သည် မြတ်စွာဘုရားသာသနာတော်၌ အပြစ်တို့တည်း။ ဤအမှုကို ပညတ် တော်ပြစ်ဟု ဆိုအပ်၏။ (မိလိန္ဒ၊ ၂၅၈-၉) လောကေ ဝဇ္ဇံ ယဿာတိ လေ...

ကဿပသံယုတ် (သံ၊၁၊၃၉၉)

အရှင်မဟာကဿပနှင့် ဆက်စပ်၍ အရှင်မြတ်၏ဂုဏ်ရည်များ , မြတ်ဘုရားနှင့် အရှင်မြတ်တို့၏  သံဃာ့အရေး သာသနာ့အရေး ဆွေးနွေးချက်များ ကို စုစည်းပြထားသော ကဿပသံယုတ်သည် သုတ္တန်ပိဋကတ် သံယုတ္တနိကာယ် နိဒါနဝဂ္ဂသံယုတ်ဆယ်ခုရှိရာ  ပဉ္စမသံယုတ်နေရာ၌  တည်ရှိပြီး သုတ်ဆယ့်သုံးသုတ်ဖြင့်  ဖွဲ့စည်းထားပါသည်။ထိုဆယ့်သုံးသုတ်ကို ပိုင်းခြားလေ့လာလျှင် *အရှင်မြတ်၏ ဂုဏ်ရည်များပြဆိုချက် *မြတ်ဘုရားနှင့် အရှင်မြတ်တို့၏ သာသနာ့အရေး သံဃအရေးဆွေးနွေးချက် *အရှင်မြတ်၏ ဩဇာအရှိန်အဝါ  ဟု သုံးပိုင်းတွေ့ရပါသည်။ ဤသံယုတ်၌ အရှင်မြတ်၏ ဂုဏ်ရည် ဆယ့်ရှစ်ချက်ကို ရှာတွေ့ပါသည်။  ၁။ ရတတ်သမျှသော ပစ္စည်းလေးပါးဖြင့်ရောင့်ရဲခြင်း ၂။ရောင့်ရဲခြင်း၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုခြင်း ၃။ မအပ်စပ်သောနည်းဖြင့် ပစ္စည်းလေးပါးကို မရှာဖွေခြင်း ၄။ပစ္စည်းလေးပါးကိုရပါရစေဟု မတောင့်တခြင်း ၅။ရလာသောပစ္စည်းလေးပါးအပေါ်၌ မက်မောမှုမရှိခြင်း ၆။ အပြစ်ကိုရှု၍ ပညာဖြင့် ဆင်ခြင်သုံးဆောင်ခြင်း (သန္တုဋ္ဌသုတ်) ၇။ ဒကာ ဒကာမတို့နှင့်  ကိုယ်ဝေးစိတ်ခွာ ဆက်ဆံခြင်း ၈။ ဒကာ ဒကာမတို့အပေါ်၌ သံယောဇဉ်မထားခြင်း ၉။ ဒကာ ဒကာမတို့  ကောင်းမှုဖြစ်ထွန်းပါစေဟူသော မေတ္တ...

ရဟန်းတော်များအတွက် အသောကမင်းကြီး၏ ကျောက်စာ

သုတ္တံအမည်များကို ပထမဆုံးစာဖြင့်ရေးထိုးတဲ့မှတ်တမ်း အသောကမင်းတရား (304-232 BC) ၏ ကျောက်စာများအနက် ဘာဗရူကျောက်စာ ဟာ ဗုဒ္ဓဝါဒသမိုင်းအတွက် အလွန်အရေးပါသော  ကျောက်စာတခုဖြစ်ပါတယ်။ ဒီကျောက်စာမှာ အသောကမင်းကြီးက သူသည် ဘုရား တရား သံဃာအား မည်မျှမြတ်နိုးကြောင်းဖော်ပြထားသလို သူတော်ကောင်းတရားအဓွန့်ရှည်ရေးအတွက် ပါဠိတော် (၇) သုတ်ကို နာယူကျင့်ဆောင်ကြရန် သုတ်အမည်များနှင်တကွ သံဃာတော်များအား လျှောက်ထားတာ တွေ့ရပါတယ်။ ဒီကျောက်စာကိုတွေ့ရှိတဲ့နေရာကတော့ အိန္ဒိယမြောက်ပိုင်း ရာဂျသန်ပြည်နယ် ဝိရတ်နဂါမြို့၏ အနောက်တောင်ဘက်တမိုင်အကွာ  ဘာရက်စေတီအနီးကတောင်ပေါ်ကကျောက်တုံးမှာရေးထိုးထားတာဖြစ်ပါတယ်။ ယခုအခါ ကိုးလ်ကတ္တား ဘင်္ဂေါအာရှအဖွဲ့အစည်းမှာထားရှိတယ်လို့ဆိုပါတယ်။  ကျောက်စာမှာဖေါ်ပြထားတာကတော့....  ပိယဒသီမင်းသည် မဂဓတိုင်းသံဃာကို ရှိခိုးလျှောက်ကြား၏။  အနာရောဂါမရှိမူ၍ ချမ်းသာစွာနေကြပါစေသတည်း၊  အရှင်တို့......ဘုရား တရား သံဃာ၌ ကျွန်ုပ်၏  ရိုသေမြတ်နိုးခြင်းကိုအရှင်တို့ သိကြပါ၏။  အရှင်တို့......မြတ်စွာဘုရား ဟောကြားသော တရားတို့သည် ကောင်းစွာ ဟောကြားခြင်းတို့ဖြစ်ပါ၏။ အရှင်တို့......ထိုတွင် သူတ...

ဝါထပ်ခြင်းအကြောင်း သိကောင်းဖွယ်ရာ

(ဝိနယမှတ်စုစာတမ်း ၂၁-၂၂၊ ဘဒ္ဒန္တသုတဓရ ရေးဆရာတော်) မြန်မာပြက္ခဒိန်တွင် သာမာန်စန္ဒြမာသနှစ်၌ လ၏လည်ပတ်မှုကို အခြေခံ ၍ တစ်နှစ်တာကို (၁၂)လပိုင်းထားရာ ၁-လအတွင်း လပြည့်-လကွယ် (၁)ကြိမ် စီပါဝင်ပါသည်။ (၁)လတွင် (၂၉)ရက်+(၁၂)နာရီကျော် ရှိရာ ပထမလမှ စတင်၍ တစ်လကျော်စီကို လဆုတ်ရက် (၁၄)ရက်သာ ထား၍ (၂၉)ရက်ယူပါသည်။ ဒုတိယလမှ စတင်၍ တစ်လကျော်စီကို ရက်(၃၀) ယူကြပါသည်။ ၁၃၁၂ ခုနှစ်မှ စ၍ ခုနှစ်အားတည်ပြီး ၁၉ ဖြင့် စားသော် အကြွင်း ၁၊ ၄၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၇ အသီးသီးရသောနှစ်၌ ဝါထပ်ပါသည်။ ဝါကြီးထပ်သည့် နှစ်ကိုမူ ဒုတိယဝါဆိုလပြည့်၌ တိထီ ၁၅-လုံး မပြည့်ပဲ ပြုဗ္ဗာသဠ်, ဥတ္တရာသဠ် နက္ခတ် တစ်လုံးလုံးနှင့် စန်းယှဉ်သည့်နှစ်ကို ယူပါသည်။ ဤသို့ ၂၉-ရက်ရှိ လပေါင်း (၆)လ၊ ၃ဝ-ရက်ရှိ လပေါင်း (၆)လ ယူထား သဖြင့် ၃၅၄ရက်ရှိရာ စန္ဒြမာသနှစ် စစ်စစ်မဟုတ်ပဲ ဝေါဟာရမာသ ဟုခေါ်ပါ သည်။ မြန်မာနိုင်ငံ၌ ရှေးမင်းအဆက်ဆက်မှ ယနေ့တိုင် အသုံးပြုသော ပြက္ခဒိန်မှာ ဝေါဟာရပြက္ခဒိန်ဖြစ်၍ သူရိယမာသနှစ်၊ စန္ဒြမာသနှစ်၊ ဝေါဟာရမာသနှစ် သုံးခုလုံးအား ညှိနှိုင်းတွက်ချက် ကြပါသည်။ ဝါထပ်နှစ်တွင်လည်း ဝါငယ်ထပ်သည့်နှစ်၌ ၃၈၄-ရက်၊ ဝါကြီးထပ်သတ်မှတ်ပါသည်။ စန္ဒမာသတစ်နှစ်လျှင် ၃၅၄-ရက် + ၈နာရီ ...

သာသနာနှင့် တိတ်ဆိတ်မှု

  သာသနာပျက်လို့ ခက်လိမ့်မယ် ဗုဒ္ဓမြတ်စွာ ပွင့်လာမှုကြောင့် ဉာဏ်စက္ခုလည်း ရကြသည်။ ဉာဏ်စက္ခုတွေ သာ၍လင်းဖို့ သန့်ရှင်းတိတ်ဆိတ် ရှိသင့်သည်။ ပွက်လောဆူညံ လူသံပွဲတို့ ကျောင်းဘုရားထဲ လုပ်ကြသည်။ ဗုဒ္ဓအယူ တွင်းလူဖျက်လို့ ဘာသာပျက်လို့ ခက်လိမ့်မည်။ သာသနာပျက်လို့ ခက်လိမ့်မည်။ အရှင်ဇနကာဘိဝံသ ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်

မဟာယာန ရဟန်းခံပွဲ

 မဟာယာနရဟန်းတွေ ဘယ်လိုရဟန်းပြုသလဲ ဦးဝဏ္ဏသီရိ (ပုလော)   🔳 ထေရဝါဒက မဟာယာနအပေါ် သံသယဖြစ်နေတာတစ်ခုက မဟာယာနရဟန်းတွေဟာ ထေရဝါဒရဟန်းတော်တွေလို ဝိနည်းမဟာဝါပါဠိ၊ မဟာခန္ဓက၊ ဥပသမ္ပဒါဝိဓိလာ ဝိနည်းတော်လုပ်ထုံးလုပ်နည်းနဲ့အညီ  စနစ်တကျ ရဟန်းပြုလာတာ ဟုတ်ရဲ့လားဆိုတဲ့ သံသယပါ။ မိမိလည်း အရင်က အဲ့ဒီသံသယ ရှိပါတယ်။ သံသယရှိပေမဲ့ စူးစမ်းလေ့လာတာမျိုး အချိန်ပေး ဖတ်ရှု့တာမျိုး မရှိတဲ့အတွက် ရေရေရာရာ မသိခဲ့ပါဘူး။ တိုက်ဆိုင်မှုတစ်ခုကြောင့်  အာဆီယံစကော်လားရှစ်နဲ့ အသစ်ဖွင့်လှစ်ထားတဲ့ အိန္ဒိယက တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ခွင့်ရပြီး ထေရဝါဒ၊ မဟာယာန၊ ၀ဇိရာယာန ဗုဒ္ဓဘာသာဂိုဏ်းသုံးခုလုံးရဲ့ ကျမ်းစာအယူဆနဲ့ ဝိနည်းသဘောတရားတွေကို ၂-နှစ်တာ ထိတွေ့ခွင့်ရလိုက်တယ်။ ဒါ့အပြင် တက္ကသိုလ်မှာရှိနေတဲ့ မဟာယာနနဲ့ ၀ဇိရာယာနဂိုဏ်းက ရဟန်းတော်တွေဆီကနေကလည်း သူတို့ရဲ့ နေ့စဉ်ဘ၀နေထိုင်မှုပုံစံနဲ့ ယဉ်ကျေးမှုကို တိုက်ရိုက် ကိုယ်တိုင်လေ့လာခွင့် ရလိုက်တယ်။ အဲ့ဒီအခါကျမှ စူးစမ်းလေ့လာ ဖြစ်သွားတယ်။    ထေရဝါဒရဟန်းခံပုံနဲ့ မဟာယာန ရဟန်းခံပုံ တူသလားဆိုရင် မဟာယာနမှာ ထပ်တိုးထားတဲ့ ဗောဓိသတ္တအဖြစ်ခံယူတဲ့ အစီစဉ်ကလွဲရင် တူတယ်လို့ ပြောလို့ရပါ...

သင်္ကန်းအရောင်

မင်္ဂလာညချမ်းပါအရှင်ဘုရား အရှင်ဘုရား ကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒပြည့်ဝပါစေဘုရား  တပည့်တော်လက်ဆယ်ဖြာထိပ်မှာမိုးပြီးရှိခိုးကန်တော့အပ်ပါသည်ဘုရား တပည့်တော်ကို မေးခွန်းလေးတစ်ခုမေးမြန်းခွင့်ပြုပါအရှင်ဘုရား ရဟန်းတော်များသည် မည်သည့်အကြောင်းကြောင့်သင်္ကန်းအရောင်များမှာ တစ်သားတည်းမဟုတ်ပဲ အရောင်ကွဲပြားနေရပါသလဲဘုရား မြတ်စွာဘုရားလက်ထက်တော်အခါ၌ဤကဲ့သို့ ပင် သင်္ကန်းအရောင်ကွဲပြားပါသလား အရှင်ဘုရား တပည့်တော်ကဲ့သို့မသိသေးသောသူများရှိကောင်းရှိနိုင်ပါ၏ဘုရား သနားသောအားဖြင့် အချိန်ရလျှင် ဖြေကြားပေးပါ အရှင်ဘုရား တပည့်တော် စာသားများ၌အမှားပါ ခဲ့ပါက တပည့်ဒကာအားခွင့်လွှတ်ပေးပါဘုရား အရှင်ဘုရား ကျန်းမာချမ်းသာသာသနာအကျိုး အများအကျိုးဆထက်တပိုးသယ်ပိုးနိုင်ပါစေ ဘုရား မေးခွန်းအတွက် ကျေးဇူးတင်ပါတယ်ဒကာ၊ သင်္ကန်းနဲ့ပတ်သတ်လို့ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မမူသည့် အရောင်၊ ဆိုးခွင့်မပေးမပေးသည့် အရည်ဟု ရှေးဦးစွာခွဲခြားရပါမည်။ မြတ်စွာဘုရားရှင် ခွင့်ပြုတော် မမူသည့်သင်္ကန်းအရောင်ကား အလုံးစုံညိုသောသင်္ကန်း၊ အလုံးစုံဝါသောအရောင်၊ အလုံးစုံ နီသောအရောင်၊ အလုံးစုံပြာသောအရောင်၊ အလုံးစုံမည်းသောအရောင်၊ အလုံးစုံ ကင်းခြေများ ကျောက်ကုန်းအ...

ဥက္ကုဋိကံ ပုဒ် အနက်အယူအဆ သုတေသန

Image
အင်းစိန်ရွာမဆရာတော်ကြီး၏ ဥက္ကုဋိကံ~ပုဒ် အနက်အယူအဆ သုတေသန ********************************************* (မှတ်ချက်။ ဆရာတော်ဘုရားကြီး၏ ယခုစာမူကို ပြန်လည်ကူးယူဖော်ပြလိုသူများအနေဖြင့် #စာနှင့်ပုံတွဲကြည့်မှသဘောပေါက်မှာမို့ စာနှင့်ပုံတစ်ပါတည်းပါအောင် ကူးယူဖော်ပြကြဖို့ လေးစားစွာ သိစေအပ်ပါသည်။ ဇေတဝန်စာပေ) ------------ #မြန်မာ့ရှေးရိုးစဉ်လာ #အရိုအသေပေးထိုင်ပုံ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ယနေ့ မြန်မာလူမျိုးများ ဘုရားရှိခိုးရာ, ဆရာတော်သံဃာတော်များ, လူကြီးသူမများကို ရှိခိုးရာစသည်တို့၌ ထိုင်ပုံ ထိုင်နည်း အမျိုးမျိုးတွေ့ရသည်၊ #အချို့အမျိုးသားများက #ဆောင့်ကြောင့်ထိုင်အနေအထား၊ #အချို့အမျိုးသားများနှင့်အမျိုးသမီး များက #ပုဆစ်တုပ်ထိုင်အနေအထား ဤ၂-မျိုး အတွေ့များသည်၊  ပုဆစ်တုပ်ထိုင်ရာ၌လည်း ခြေထောက်နှစ်ဖက်လုံးကို တင်ပါး အောက်သွင်းကာ ခြေဖဝါးများပက်လက်လှန်၍ အပေါ်က တင်ပါးဖိထိုင်သော ပုဆစ်တုပ်နည်း၊ ခြေထောက်နှစ်ချောင်းဘေးမှာ ကွေး၍ တင်ပါးလွှဲထိုင်သော ပုဆစ်တုပ်ထိုင်နည်းဟု ၂-မျိုးတွေ့ရသည်၊ အဆိုပါ ၂-မျိုးလုံးကိုပင် ပုဆစ်တုပ်ထိုင်နည်းဟု ဆိုလိုပါသည်။ #နမူနာပုံများ 🍡🍡🍡🍡🍡 မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံများကို ...