Posts

Showing posts with the label မြန်မာစာ

ပါဠိသက်ဝေါဟာရ

 ကန်း / ကာဏ်း (ကာဏကစ္ဆပေါပမသုတ် - လယ်တီဆရာတော် ရေးခဲ့) ဘုန်း (ပုည - ပုန်းကြီး - ဘုန်းကြီး/ ပုန်းကံ - ဘုန်းကံ)

ကဗျာ

အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဥ်၊ ရှေးရှူနှင်လော့။ (စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး) (မြန်မာစာ)

ကျေးဇူး စကား၏ ဇစ်မြစ်

   ( ပူ တူတူး) ''ကျေးဇူး'' ကို (၁၁) ရာစု ရာဇကုမာရ်ကျောက်စာ မြန်မာပျူစာဘက်မှာ '' က္ဠေးဇြော'' လို့ရေးတယ်။ ရာဇကုမာရ်ကျောက်စာ မြန်မာစာမှာတော့ '' ‌က္လ ည္ဇော'' လို့ရေးတယ်။ က္ဠေးဇြော = က္လည္ဇော (ပုဂံခေတ်) ရေးနည်းမတူပေမဲ့ အဓိပ္ပါယ် တူတယ်။ အသံလည်း တူပုံရတယ်။ ဒါပြီးတော့ နှစ်ပေါင်း ၁၇၀ အကြာ ပုဂံခေတ်နှောင်းပိုင်း သက္ကရာဇ် ၆၄၇( ခရစ် ၁၂၈၅ ခု)ရှင်ဒိသာပါမောက် ကျောက်စာမှာ ''က္လည်စူ'' လို့ရေးတယ်။ က္ဠေးဇြော = က္လည္ဇော > က္လည်စူ ဒီနေရာမှာ ရာဇာကုမာရ်ကျောက် မြန်မာပျူစာမှာ သုံးခဲ့တဲ့ - ''သဝေညော၊ ဒေညေ၊ ဗြေညေ'' ဆိုတဲ့ လှပတဲ့စကားလုံးအတွဲလေးကို သတိရမိတယ်။ ဒီနေရာမှာ ''သဗ္ဗညုတဉာဏ'' ကနေ ''သဝေညော'' ''ဒေသနာပညာ'' ကနေ ''ဒေညေ'' ''အဘိဉာဏ'' ကနေ ''ဗြေညေ'' ဆိုပြီး လှလှ ပပ သုံးစွဲထားတာဖြစ်တယ်။ မြန်မာတွေဟာ ပျူခေတ်ကတည်းက ပါဠိဝေါဟာရတွေကို မိခင်ဘာသာစကားလို ပြောဆိုခဲ့ကြတယ်ဆိုတဲ့ သဘောလို့ ယူဆမိတယ်။ ပုဂံခေတ်ဦးမြန်မာကျောက်စာတွေမှာ ပါဠိစကားကို မြန်မာစကားအဖြစ...

ထမနဲ ထိုးနည်း (ကဗျာ)

 ထမနဲထိုးရန်ဖို့၊ စာချိုးလို့ မှာခဲ့မယ်။ တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့်၊ တစ်ပိဿာဆီ အမှန်သွင်းပါလို့၊ ချင်းက သုံးဆယ်။  မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်၊ အုန်းသီးဆန်အတူဖတ်ပါလို့၊ နှမ်းမပျက် ဤနည်းနှယ်၊ ရေစင်ကြယ်ပ, ထည့်ရိုး။  လက်နှစ်သစ်သာပ၊ တွက်စစ်ကာ ချိန်တစ်ဆယ်သားရယ်နှင့်၊ ရောနှောကာ လူအများတို့ရယ်၊ အာသစ်လို့ထိုး။   ။ မန်လည်ကဗျာပေါင်းချုပ်ကျမ်းကြီး - ၂၉၆ ရဝေထွန်း၊ဘာသာရေးပြဿနာများ၊တတွဲ - ၂၁၇

သာသနာသုံး စကားလုံးများ

အံသကိုက် = အံသကာသာဝ (ရဝေထွန်း၊တ၊၇၅)

စာသင်သားနှင့် နာငါးနာ, တာလေးတာ

နာလေးနာ စိရကာလဘာဝနာ=အချိန်ကြာကြာ အားထုတ်ပါ။  နိရန္တရဘာဝနာ = အဆက်မပြတ် အားထုတ်ပါ။ နိရဝသေသဘာဝနာ=အကြွင်းအကျန်မရှိ အားထုတ်ပါ။ သက္ကစ္စဘာဝနာ = ရိုရိုသေသေ အားထုတ်ပါ။ အဘိရတိဘာဝနာ = အလုပ်ပေါ်မှာ မွေ့လျော်ပါဟု ဆရာက မိန့်ကြားပါသည်။ (စရိယာပိဋကအဋ္ဌကထာ - ၁၉) တာလေးတာ ကမ္မာရာမတာ = မိမိတာဝန်မှတစ်ပါး ဗာဟီရ ကိစ္စတွေနဲ့ မွေ့လျော်နေတာ။ ဘဿာရာမတာ = အချိန်ဖြုန်းပြီး အကျိုးမရှိတဲ့ စကားတွေကို ပြောဆိုမှုမှာ မွေ့လျော်နေတာ။ နိဒ္ဒါရာမတာ = ထိနမိဒ္ဓ နှိပ်စက်ပြီး အိပ်ရာထဲက မထဘဲ အမြဲအိပ်နေမှု၌ မွေ့လျော်နေတာ။ သင်္ဂဏိကာရာမတာ = သူငယ်ချင်းအပေါင်း အသင်းတွေနဲ့ အချိန်ဖြုန်းမှု၌ မွေ့လျော်နေတာ။)  စာသင်သားတို့၏ ဘဝနှင့် အားမာန် ၅၇-၆၅ အရှင်ရေဝတ (သာသနာ့ပျိုးခင်း)

ကံ, ဉာဏ်, ဝီရိယ

“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်။ (မဃဒေဝ၊ ပိုဒ်-၂၄၅။) လုလ္လမထူ၊ ဉာဏ်မကူဘဲ၊ အယူတစ်ချောင်း၊ ကံတစ်ချောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုလ္လ၊ ရှိအပ်စွာ့တည့်။” (မဃဒေဝ၊ပိုဒ်-၂၄၅။)

အမြတ်ရတနာ သာသနာ / ဗုဒ္ဓကျေးဇူး

ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ မသိရ၊ များလှ အပြစ်တွေ။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရား ကြောင့်၊ ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘဝ၊ သိကြရ၊ များလှ ကျေးဇူးပေ။ ကျေးဇူးတော်ရင်၊ ဘုရားရှင်ကို၊ ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဖို့၊ အမြတ် ရတနာ၊ သာသနာ၏၊ နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း၊ ကြိုးပမ်းကြပါလေ။

မစိုးရိမ် မေတ္တာပို့

နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စဥ်ရှိခိုးမယ်၊ အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။ မျက်နှာသစ်လျှင် ရေကိုမြင်၊ မြင်စဥ် မေတ္တာပွားပါ့မယ်၊ သစ်ရင်းသစ်ရင်း လျော့ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်။ တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မဝင်နိုင်က၊ ပြိုင်တတ်တယ်။  ပြိုင်မဲ့အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်။  ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။  နိုင်မဲ့အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။  ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊ မဝင် ဣဿာ၊ ယိုင်တတ် တယ်။  ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။  သဗ္ဗေသတ္တာ၊ သတ္တဝါ၊ ကံသာမူလ၊ ပိုင်ကြတယ်။  ပိုင်သည့် အရေး၊ စိတ်ကတွေး၊ အေးအေးမြမြ နေပါ့မယ်။  စိတ်ကိုလဲပြင်၊ ရုပ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ လူတိုင်းလှ၊ သုခနိဗ္ဗာန် တိုင်လိမ့်မယ်။ မစိုးရိမ် ပဋ္ဌာန်းဆရာတော်ဘုရားကြီး  (ငယ်စဥ်က ဝိသုဒ္ဓါရုံဆရာတော်ကြီးဟု မှတ်သားခဲ့ရပါသည်။) အခါတော်နေ့များ (မာဂဓီ သာစည်) စာအုပ် (နှာ - ၁၂၇) မှ အဆိုပါ စာအုပ်မှာ "သဗ္ဗေသတ္တာ၊ သတ္တဝါ၊ ကံသာမူလ၊ ပိုင်ကြတယ်။  ပိုင်သည့် အရေး၊ စိတ်ကတွေး၊ အေးအေးမြမြ နေပါ့မယ်။" ဆ...

အာနန္ဒမေတ္တေယျ ဘိက္ခု

 အဘိဓမ္မာကို ဓာတ်ခွဲခန်းဖွင့်ခဲ့သူ အာနန္ဒမေတ္တေယျဘိက္ခု ____________________ ကိုလိုနီခေတ်က အဘိဓမ္မာ စိတ်ဝီထိဖြစ်စဉ်များ သိပ္ပံနည်းကျ သက်သေပြရန် ကြိုးစားခဲ့ဖူးသည့် ဥရောပရဟန်းတော်မှာ ဥရောပသားများတွင် ဒုတိယ ထေရဝါဒ ဗုဒ္ဓဝါဒီ ရဟန်းအဖြစ် ခံယူခဲ့သူ အာနန္ဒ မေတ္တေယျခေါ် လူအမည် အယ်လန် ဘင်းနက် (Allan Bennett) ဖြစ်သည်။ ဆရာကြီး ပါရဂူက သူ၏ "ပဏ္ဍိတကထာ" စာအုပ်တွင် အလ်လန် ဘင်းနက်သည် သီဟိုဠ်တွင် ရဟန်းခံခဲ့၍ မြန်မာပြည်သို့ ကြွရောက်ခဲ့သည် ဟုဖော်ပြထားသည်။ သို့သော်လည်း အာနန္ဒ မေတ္တေယျ၏ အတ္ထုပ္ပတ္တိကို အတော်အတန် အပြည့် အစုံ​ စနစ်တကျ ရေးသားသူ အဲလီဇဘတ် ဂျေ ဟားရစ် ကမူ အယ်လန်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သာမဏေပြုခဲ့၍ စစ်တွေ၌ပင် ရဟန်းခံခဲ့သည် ဟု ဖော်ပြထားရာ သူ၏ မှတ်တမ်းက ပို၍ မှန်ကန်မည် ထင်သည်။  အာနန္ဒမေတ္တေယျ ဘိက္ခုသည် ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံမှ အင်္ဂလန်သို့ ပထမဆုံး အကြိမ် သွားရောက်ခဲ့သော ဗုဒ္ဓသာသာနာပြု အဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ အာနန္ဒ မေတ္တေယျသည်  မြန်မာနိုင်ငံ ရန်ကုန်တွင် နေထိုင်ကာ နိုင်ငံတကာ ဗုဒ္ဓဝါဒ အသင်းကိုတည်ထောင်ခဲ့၍ ၁၉၀၃ခုနှစ်တွင် အင်္ဂလိပ် ဘာသာဖြင့် ဗုဒ္ဓဝါဒဆိုင...