ကဗျာ Get link Facebook X Pinterest Email Other Apps July 05, 2026 အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဥ်၊ ရှေးရှူနှင်လော့။ (စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး) (မြန်မာစာ) Get link Facebook X Pinterest Email Other Apps Comments
လောကဝဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇ June 02, 2026 (ဘိက္ခုဝိဘင်း၌ လောကဝဇ္ဇသိက္ခာပုဒ် ၈၀ ရှိကြောင်း တိပိဓာန် အတွဲ ၁၈- စာ ၁၂၁ ၌ ရေပြထားသည်။) ... မင်းမြတ် ညစ်နွမ်းမှုအပြစ်တို့သည် လောကပြစ်၊ ပညတ်တော်ပြစ်ဟု နှစ်ပါးရှိကုန်၏။ မင်းမြတ် လောကပြစ်သည် အဘယ်နည်းဟူမူ- အကုသိုလ်ကမ္မပထတရားဆယ်ပါးတို့တည်း။ ဤအကုသလကမ္မပထတရားဆယ်ပါးကို လောကပြစ်ဟု ဆို အပ်၏။ ပညတ်တော်ပြစ်သည် အဘယ်နည်းဟူမူ- လောက၌ လူတို့အား အပြစ်မရှိစေကာမူ ရဟန်းတို့အားသာ မလျောက်ပတ် မလျော်ကန်သော အမှု၌ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ''အသက် ထက်ဆုံး မလွန်ကျူးအပ်''ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ မင်းမြတ် နေ့လွဲညစာ စားခြင်းသည် လူ၌ အပြစ်မရှိ။ ထိုနေ့လွဲညစာ စားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် မြက်သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းသည် လူ၌ အပြစ်မရှိ။ ထိုဖျက်ဆီးခြင်းသည် မြတ်စွာဘုရား သာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် ရေ၌ ရွှင်မြူး ကစားခြင်းသည် လူ၌ အပြစ် မရှိ။ ထိုရေ၌ ရွှင်မြူးကစားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ် ရှိ၏။ မင်းမြတ် ဤသို့ ဤသို့ သဘောရှိကုန်သော အမှုတို့သည် မြတ်စွာဘုရားသာသနာတော်၌ အပြစ်တို့တည်း။ ဤအမှုကို ပညတ် တော်ပြစ်ဟု ဆိုအပ်၏။ (မိလိန္ဒ၊ ၂၅၈-၉) လောကေ ဝဇ္ဇံ ယဿာတိ လေ... Read more
ဝီရိယ (၃) မျိူး June 23, 2026 ပါဠိတော်နည်း ဝီရိယသုံးပါး မည်သည့်နည်းစနစ်ဖြင့်ပင် အားထုတ်သည်ဖြစ်စေ တရားရှုမှတ် မှုကို ပြုသည့်အခါ ယောဂီ၏ ဝီရိယသည် အင်္ဂါ (၃) ရပ်တို့နှင့် ပြည့်စုံစေရ မည် ဖြစ်၏။ ဝီရိယကို မြှင့်တင့်သည့်အခါ ဤအင်္ဂါသုံးရပ်ဖြင့် မြှင့်တင် ရမည်။ ကိုယ်ဆင်းရဲခြင်းသဘောကိုဖြစ်စေ၊ စိတ်ဆင်းရဲခြင်း သဘောကို ဖြစ်စေ ရင်ဆိုင်သည့်အခါ (သို့မဟုတ်) အားထုတ်သည့် အခါတို့၌လည်း ဤဝီရိယအင်္ဂါသုံးပါးသည် ကိလေသာမာရ်ကို ဖျက်ဆီးမည့် လက်နက် သဖွယ် အားကိုးထိုက်သည်လည်း ဖြစ်၏။ ဤဝီရိယ အင်္ဂါသုံးပါးတို့နှင့် ပြည့်စုံလျင် အရိုးကြေကြေ၊ အရေခန်းခန်း ဇွဲမလျှော့စတမ်း အားထုတ် နိုင်သည်သာ ဖြစ်သည်။ ဝီရိယအင်္ဂါသုံးပါးကို မြတ်စွာဘုရားသည် ဝီရိယနဲ့ ပတ်သက်သည့် ဒေသနာတော်များ၌ ထည့်၍ ဟော်တော်မူလေ့ရှိ၏။ ၎င်းတို့မှာ (၁) အစွမ်းကုန်အားထုတ်၍ ရှုမှတ်ခြင်း (ထာမ)၊ (၂) မပြတ်မလပ် တရစပ် ရှုမှတ်ခြင်း (ဒဠှပရက္ကမ)၊ (၃) လက်မလျှော့၊ အရှုံးမပေးပဲ ရှုမှတ်ခြင်း (အနိက္ခိတ္တဓုရ)။ (ဝိတ္တထသုတ်၊ အံ၊၂၊ ၂) (၁) ထာမဟူသည်စွမ်းရည်သတ္တိ (capacity)ကို ဆိုလိုသည်။ လူတစ်ယောက်၌ရှိသော ကိုယ်ခန္ဓာစွမ်းအားနှင့် အသိစိတ်စွမ်းအားကို ဆိုလိုသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းအားထုတ်သည့်အခါ ယောဂီသည် ... Read more
ရဟန်းနှင့် ပစ္စည်းလေးပါး July 23, 2026 ၁။ ပစ္စည်းလေးပါး၏ သရုပ်နှင့် အဓိပ္ပါယ် ရဟန်းတော်တစ်ပါးအတွက် ရှင်သန်ရပ်တည်ရေးနှင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံလိုအပ်ချက် လေးခု ရှိသည်။ ၄င်းတို့မှာ ပစ္စည်း (၄) ပါး (စတုပစ္စယ) ဖြစ်ပါသည်။ ၄င်းတို့မှာ (၁) ဆွမ်း (ပိဏ္ဍပါတ)၊ (၂) သင်္ကန်း (စီဝရ)၊ (၃) ကျောင်း (ဝိဟာရ) နှင့် (၄) ဆေး (ဘေသဇ္ဇ) တို့ဖြစ်သည်။ ပစ္စည်းလေးပါးသည် ရဟန်းတော်တစ်ပါးအတွက် "အသက်ဆက်ရန်" သာဖြစ်ပြီး၊ "ဇိမ်ခံရန်" မဟုတ်ပေ။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား ဤပစ္စည်းလေးပါးကို အသုံးပြုရာတွင် အမှီပြုရုံသက်သက်သာ (နိဿယ) ဖြစ်စေရန် အမြဲသတိပေး တိုက်တွန်းတော်မူခဲ့သည်။ ၂။ ပစ္စဝေက္ခဏာ၏ အနှစ်သာရ ပစ္စည်းလေးပါးကို အသုံးပြုသည့်အခါတိုင်း "ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ခြင်း" သည် အလွန်အရေးကြီးပါသည်။ ထိုသို့ဆင်ခြင်၍ အသုံးပြုခြင်းကို သီလလေးမျိုးရှိသည့်အနက် "ပစ္စည်းကို မှီ၍ ဖြစ်သော သီလ = ပစ္စယသန္နိဿိတသီလ" ဟု ခေါ်ပါသည်။ ဤသို့ဆင်ခြင်ခြင်းသည် ရောင့်ရဲမှု (အပ္ပိစ္ဆတာ) ဘက်သို့ ဦးတည်စေပြီး၊ တဏှာလောဘတို့၏ ထိုးနှက်မှုကို ကာကွယ်ပေးသော ဒိုင်းကာတစ်ခု ဖြစ်သည်။ အသက်ရှည်စွာ၊ ဘေးရောဂါတို... Read more
Comments
Post a Comment