ထမနဲ ထိုးနည်း (ကဗျာ)

 ထမနဲထိုးရန်ဖို့၊ စာချိုးလို့ မှာခဲ့မယ်။

တစ်စိတ်ဆန် သည်ကောက်ညှင်းရယ်နှင့်၊ တစ်ပိဿာဆီ အမှန်သွင်းပါလို့၊ ချင်းက သုံးဆယ်။ 

မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်၊ အုန်းသီးဆန်အတူဖတ်ပါလို့၊ နှမ်းမပျက် ဤနည်းနှယ်၊ ရေစင်ကြယ်ပ, ထည့်ရိုး။ 

လက်နှစ်သစ်သာပ၊ တွက်စစ်ကာ ချိန်တစ်ဆယ်သားရယ်နှင့်၊ ရောနှောကာ လူအများတို့ရယ်၊ အာသစ်လို့ထိုး။   ။

မန်လည်ကဗျာပေါင်းချုပ်ကျမ်းကြီး - ၂၉၆


ရဝေထွန်း၊ဘာသာရေးပြဿနာများ၊တတွဲ - ၂၁၇

Comments

Popular posts from this blog

လောကဝဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇ

ဝီရိယ (၃) မျိူး

ရဟန်းနှင့် ပစ္စည်းလေးပါး