စာသင်သားနှင့် နာငါးနာ, တာလေးတာ
နာလေးနာ
- စိရကာလဘာဝနာ=အချိန်ကြာကြာ အားထုတ်ပါ။
- နိရန္တရဘာဝနာ = အဆက်မပြတ် အားထုတ်ပါ။
- နိရဝသေသဘာဝနာ=အကြွင်းအကျန်မရှိ အားထုတ်ပါ။
- သက္ကစ္စဘာဝနာ = ရိုရိုသေသေ အားထုတ်ပါ။
- အဘိရတိဘာဝနာ = အလုပ်ပေါ်မှာ မွေ့လျော်ပါဟု ဆရာက မိန့်ကြားပါသည်။
(စရိယာပိဋကအဋ္ဌကထာ - ၁၉)
တာလေးတာ
- ကမ္မာရာမတာ = မိမိတာဝန်မှတစ်ပါး ဗာဟီရ ကိစ္စတွေနဲ့ မွေ့လျော်နေတာ။
- ဘဿာရာမတာ = အချိန်ဖြုန်းပြီး အကျိုးမရှိတဲ့ စကားတွေကို ပြောဆိုမှုမှာ မွေ့လျော်နေတာ။
- နိဒ္ဒါရာမတာ = ထိနမိဒ္ဓ နှိပ်စက်ပြီး အိပ်ရာထဲက မထဘဲ အမြဲအိပ်နေမှု၌ မွေ့လျော်နေတာ။
- သင်္ဂဏိကာရာမတာ = သူငယ်ချင်းအပေါင်း အသင်းတွေနဲ့ အချိန်ဖြုန်းမှု၌ မွေ့လျော်နေတာ။)
စာသင်သားတို့၏ ဘဝနှင့် အားမာန် ၅၇-၆၅ အရှင်ရေဝတ (သာသနာ့ပျိုးခင်း)
Comments
Post a Comment