(ဘိက္ခုဝိဘင်း၌ လောကဝဇ္ဇသိက္ခာပုဒ် ၈၀ ရှိကြောင်း တိပိဓာန် အတွဲ ၁၈- စာ ၁၂၁ ၌ ရေပြထားသည်။) ... မင်းမြတ် ညစ်နွမ်းမှုအပြစ်တို့သည် လောကပြစ်၊ ပညတ်တော်ပြစ်ဟု နှစ်ပါးရှိကုန်၏။ မင်းမြတ် လောကပြစ်သည် အဘယ်နည်းဟူမူ- အကုသိုလ်ကမ္မပထတရားဆယ်ပါးတို့တည်း။ ဤအကုသလကမ္မပထတရားဆယ်ပါးကို လောကပြစ်ဟု ဆို အပ်၏။ ပညတ်တော်ပြစ်သည် အဘယ်နည်းဟူမူ- လောက၌ လူတို့အား အပြစ်မရှိစေကာမူ ရဟန်းတို့အားသာ မလျောက်ပတ် မလျော်ကန်သော အမှု၌ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ''အသက် ထက်ဆုံး မလွန်ကျူးအပ်''ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ မင်းမြတ် နေ့လွဲညစာ စားခြင်းသည် လူ၌ အပြစ်မရှိ။ ထိုနေ့လွဲညစာ စားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် မြက်သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းသည် လူ၌ အပြစ်မရှိ။ ထိုဖျက်ဆီးခြင်းသည် မြတ်စွာဘုရား သာသနာတော်၌ကား အပြစ်ရှိ၏။ မင်းမြတ် ရေ၌ ရွှင်မြူး ကစားခြင်းသည် လူ၌ အပြစ် မရှိ။ ထိုရေ၌ ရွှင်မြူးကစားခြင်းသည် မြတ်စွာဘုရားသာသနာတော်၌ကား အပြစ် ရှိ၏။ မင်းမြတ် ဤသို့ ဤသို့ သဘောရှိကုန်သော အမှုတို့သည် မြတ်စွာဘုရားသာသနာတော်၌ အပြစ်တို့တည်း။ ဤအမှုကို ပညတ် တော်ပြစ်ဟု ဆိုအပ်၏။ (မိလိန္ဒ၊ ၂၅၈-၉) လောကေ ဝဇ္ဇံ ယဿာတိ လေ...
Comments
Post a Comment