လောကီနှင့် လောကုတ္တရာ

  • ပုညကိရိယဝတ္ထုသုတ် (အံ၊၃၊၇၂) မှာ မေတ္တာဘာဝနာက လောကီကုသိုလ်တွေထဲမှာ အမြင့်ဆုံးပဲလို့ ဆိုတယ်။ ဝေလာမသုတ် (အံ၊၃၊၁၉၇) မှာတော့ မေတ္တာဘာဝနာ ပွားများတာထက် အနိစ္စသညာကို ပွားများခြင်းက ပိုပြီး အကျိုးများကြောင်း ဆိုထားပါတယ်။ ဒါဆိုရင် အနိစ္စသညာကို ပွားများတာက လောကီအဆင့် မဟုတ်တော့ဘဲ လောကုတ္တရာအဆင့် ဖြစ်သွားပြီလို့ ကောက်ချက်ချလို့ ရတယ်။ ဘာ့ကြောင့်လဲ? အနိစ္စသညာ ပွားနေတဲ့ အခိုက်အတန့်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ရှိမနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မပါဘဲ လုပ်တဲ့ အလုပ်မှန်သမျှက လောကုတ္တရာ ဖြစ်တယ်လို့ သက်မှတ်ရမှာ ဖြစ်ပါတယ်။
  • တဒင်္ဂနိဗ္ဗုတ (တံ + အင်္ဂ + နိဗ္ဗုတ) ထို (ဝိပဿနာ) ဂုဏ်-အစိတ်-အဖို့-ဖြင့် (ကိလေသာတို့မှ) ငြိမ်းအေးပြီးသော၊သူ။ တဒင်္ဂနိဗ္ဗုတော (သံ၊၂၊၃၅)တိ တေန ဝိပဿနင်္ဂေန ကိလေသာနံ နိဗ္ဗုတတ္တာ တဒင်္ဂနိဗ္ဗုတော။ သံ၊ဋ္ဌ၊၂။၂၄၇။ (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄)
  • တဒင်္ဂနိဗ္ဗာနသုတ် [တဒင်္ဂ+နိဗ္ဗာန] ထိုထို ပဋ္ဌမစျာန်စသော ၉ ပါးသော ဝိဟာရသမာပတ် ဂုဏ်အစိတ်ဖြင့် ကိလေသာ ငြိမ်းအေးနိုင်ပုံကို အရှင်ဥဒါယီအား အရှင်အာနန္ဒာ ဟောပြရာသုတ်။ (အံ၊၃၊၂၄၆) (တိပိအဘိဓာန်၊ အတွဲ - ၉၊ နှာ - ၁၅၄) တဒင်္ဂနိရောဓ ကိုလည်း ကြည့်ပါ။
  • အာသဝတရားတို့၏ အာရုံဖြစ်သော ဝေဒနာသည် လောကီမည်၍ အာသဝတရားတို့၏ အာရုံမဟုတ်သော ဝေဒနာတို့သည် လောကုတ္တရာမည်၏။  သာသဝါ ဝေဒနာ လောကိယာ။ သာ (အနာသဝါ) ဝိပရိယာယေန သာသဝါယ သုခုမာ။ (ဝိသုဒ္ဓိ၊၂၊၁၀၅)
  • မဟာစတုစတ္တာရီသကသုတ်

Comments

Popular posts from this blog

လောကဝဇ္ဇ နှင့် ပဏ္ဏတ္တိဝဇ္ဇ

ဝီရိယ (၃) မျိူး

ရဟန်းနှင့် ပစ္စည်းလေးပါး