ကလျာဏီကျောက်စာ
ရာဇာနှင့်သာသနာ (ပါရဂူ)
ဟံသာ၀တီသမိုင်း၌ ဘုရင်မ ရှင်စောပုနန်းစံပြီး ဟံသာ၀တီထီးနန်းတွင်စံမြန်းစိုးစံသောမင်းမှာ ဓမ္မစေတီဖြစ်သည်။ ဓမ္မစေတီသည် မြန်မာနိုင်ငံသမိုင်း၌ ထင်ရှားကျော်ကြားသော ဘုရင်တစ်ပါးဖြစ်ရုံမျှမက မြန်မာနိုင်ငံ သာသနာ့သမိုင်း၌လည်း သာသနာပြုဘုရင်တစ်ပါးအဖြစ် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ နေရာရရှိနေသော ဘုရင်တစ်ပါး ဖြစ်သည်။
ပုဂံပြည်တည်ဆောက်သူအနော်ရထာဘုရင်သည် သထုံမှပိဋကတ်တော်ကို ဆောင်ကြဉ်းလာပြီး ပုဂံပြည်၌ထေရဝါဒသာသနာတော်ကို ဖြန့်ဖြူးသောကြောင့် မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ သာသနာ့ဒါယကာ ဘုရင်တစ်ပါးအဖြစ်ထင်ပေါ်ကျော်ကြားနေသည်။ အနော်ရထာ တည်ဆောက်သော ပုဂံပြည်ဗိမာန်ကြီးတွင် အနော်ရထာ ဖြန့်ဖြူးသော ထေရဝါဒသာသနာတော် စုလစ်မွန်းချွန်သည် ငွားငွားစွင့်စွင့်တင့်တယ်တောက်ပနေသည်။
အနော်ရထာနောက်တွင် မြန်မာနိုင်ငံသမိုင်း၌ သာသနာ့ဒါယကာအဖြစ်ထင်ပေါ်ကျော်ကြားသောဘုရင်နှစ်ပါးရှိသည်။ ဓမ္မစေတီမင်းနှင့် မင်းတုန်းမင်း ဖြစ်သည်။ရတနာပုံ မြို့တည်နန်းတည် မင်းတုန်းမင်းကြီး၏ သာသနာပြုလုပ်ငန်းများထဲတွင် ပဉ္စမသင်္ဂါယနာတင်ခြင်းနှင့် ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာတင်ခြင်းသည် သရဖူဆောင်းသောသာသနာပြုလုပ်ငန်းများ ဖြစ်သည်။
ဓမ္မစေတီမင်းကြီး၏သာသနာပြုလုပ်ငန်းများထဲတွင်အထွတ်အထိပ်ရောက်သော လုပ်ငန်းမှာ ဟံသာ၀တီနေပြည်တော်မှရဟန်းကိုယ်စားလှယ်တော် အဖွဲ့နှစ်ဖွဲ့ လင်္ကာဒီပ သီဟိုဠ်ကျွန်းသို့ စေလွှတ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် လင်္ကာဒီပ သီဟိုဠ်ကျွန်း(သီရိလင်္ကာ)သည် ပုဂံခေတ်ကစပြီး သာသနာရေး ဆက်သွယ်မှု ရှိလာခဲ့သည်။ လင်္ကာဒီပ သီဟိုဠ်ကျွန်း၌ ဗုဒ္ဓသာသနာတော်၏အခြေအနေ ညှိုးမှိန်နေသည့်အခါ ညှိုးမှိန်နေသော ဗုဒ္ဓသာသနာတော်ပြန်လည် ရှင်သန်လာစေရန်အတွက် မြန်မာနိုင်ငံမှ အကူအညီယူရသည်။ ထိုနည်းအတူပင် မြန်မာနိုင်ငံ၏ဗုဒ္ဓသာသနာတော် အားပျော့နေချိန်၌လည်း လင်္ကာဒီပ သီဟိုဠ်ကျွန်း၏အကြံဉာဏ်ကိုလည်း ယူရသည်။
ဓမ္မစေတီမင်းကြီးသည် ဗုဒ္ဓသာသနာတော်ရောင် ထွန်းလင်းပြောင်စေလိုသော အာသီသထက်သန်သူဘုရင်တစ်ပါးဖြစ်၍ သူ အုပ်ချုပ်မင်းလုပ်သော တိုင်းပြည်နိုင်ငံရှိ ဗုဒ္ဓသာသနာတော် အခြေအနေကို လေ့လာကြည့်သောအခါ အားမလို အားမရ ဖြစ်လာသည်။ ထို့ကြောင့် သူ အုပ်ချုပ်မင်းလုပ်သောတိုင်းပြည်နိုင်ငံရှိ သာသနာတော်ရောင်တောက်ပြောင်၀င်းလက်လာစေရန်အတွက် ကြေးချွတ်ပြီး အရောင်တင်လိုသောဆန္ဒဖြစ်ပေါ်လာသည်။ ယင်းဆန္ဒ၏ စေ့ဆော်တိုက်တွန်းချက်အရ ရာမတမန်တော် ကြီးမှူးသော ရဟန်းကိုယ်စားလှယ်အဖွ့ဲနှင့် စိတြတမန် ကြီးမှူးသော ရဟန်းကိုယ်စားလှယ်အဖွဲ့ကို လင်္ကာဒီပ သီဟိုဠ်ကျွန်းသို့ စေလွှတ်လိုက်သည်။ ယင်းရဟန်းတော်များသည်သီဟိုဠ်ကျွန်း ကလျာဏီမြစ် ဥဒကုကေ္ခပရေသိမ်၌ သိက္ခာထပ်ပြီးဟံသာ၀တီ ပြန်လာကြသည်။
ဓမ္မစေတီမင်းကြီးသည် လင်္ကဒီပ သီဟိုဠ်ကျွန်း ကလျာဏီမြစ်ဥဒကုကေ္ခပရေသိမ်တွင် ဥပသမ္ပဒ ကံဆောင်ပြီးပြန်လာကြသောရဟန်းတော်များအား ဟံသာ၀တီနေပြည်တော်၌ ကလျာဏီသိမ် သမုတ်စေသည်။ လင်္ကာဒီပ သီဟိုဠ်ကျွန်း ကလျာဏီမြစ်ဥဒကုကေ္ခပရေသိမ်၌ ရဟန်းခံလာကြသော ရဟန်းတော်များ သမုတ်သောကြောင့် ဟံသာ၀တီနေပြည်တော်ရှိ ဓမ္မစေတီမင်းကြီး၏သိမ်လည်း ကလျာဏီသိမ်ဟု အမည်နာမတွင်နေသည်။
ကလျာဏီသိမ်သည် ပဲခူးမြို့၌ ယခုထက်တိုင် တည်ရှိနေပေသည်။ဓမ္မစေတီမင်းကြီးသည် ဟံသာ၀တီနေပြည်တော် ပတ်၀န်းကျင်၌ ကလျာဏီသိမ်အပြင် အခြားသိမ်ကြီး ၉ သိမ်နှင့် သိမ်ငယ် ၁၀၇သိမ်ကိုလည်းကောင်း၊ ရာမညတိုင်း အခြားဒေသတို့၌ သိမ်ပေါင်း ၂၀၀ ကျော်ကိုလည်းကောင်း၊ စုစုပေါင်း သိမ် ၃၀၀ ကျော် ၄၀၀ နီးပါးသမုတ်ခဲ့သည်။ ယင်းသိမ်များမှ ရဟန်းသစ်ပေါင်း ၆၀၀ကျော်မွေးထုတ်ပေးခဲ့သည်။ ယင်းသိမ်များ၌ပင်သံသယဖြစ်ဖွယ်ရှိသောရှိရင်းစွဲ ရဟန်းပေါင်းတစ်သောင်းကျော်ကိုလည်းသိက္ခာထပ်တင်ပေးသည်။
ဓမ္မစေတီမင်းကြီးသည် သာသနာပြုလုပ်ငန်းများကိုကျောက်စာချပ်ရေ ၁၀ ချပ်ရှိသည်။ အမြင့် ၇ ပေ၊ အကျယ် ၄ ပေ၊ ထု၁ ပေ ၃ လက္မ ရှိသည်။ မျက်နှာနှစ်မျက်နှာ၌ စာထိုးထားသည်။ တစ်မျက်နှာစာကြောင်းရေ ၇၀ ရှိသည်။ ကလျာဏီကျောက်စာကိုပဲခူးမြို့က ကလျာဏီသိမ်အနီး၌ ရှေးဟောင်း ကျောက်စာဌာနမှအရံအတားအဖြစ် အဆောက်အအုံတစ်ခု ဆောက်လုပ်ပြီး ထိန်းသိမ်းထားသည်။
ကလျာဏီကျောက်စာ၌ ဓမ္မစေတီမင်းကြီး၏ သာသနာရေးဆောင်ရွက်ချက်များသာမကဘဲ အိန္ဒိယသာသနာ၀င်၊သီဟိုဠ်သာသနာ၀င်၊ ရာမညသာသနာ၀င်၊ ပုဂံသာသနာ၀င်၊ ဟံသာ၀တီ သာသနာ၀င်များကိုပါ ဖော်ပြထားသည်။ ထို့ကြောင့်ကလျာဏီကျောက်စာသည် ရှေးကျသော သာသနာ၀င်၊သာသနာသမိုင်း ကျမ်းစာတစ်အုပ် ဖြစ်နေသည်။ ဝံသဒီပနီ၊ သာသနာလင်္ကာရ၊ သာသနဝံသပ္ပဒီပိကာ စသောနောက်ပိုင်းသာသနာ၀င်၊ သာသနာ့သမိုင်းကျမ်းများသည် အားလုံး ကလျာဏီကျောက်စာကို မှီငြမ်းပြုကြရသည်။ ပါဠိဘာသာဖြင့်ရေးထိုးထားသောကြောင့်လည်းကောင်း၊ The Kalyani Inseription Pegu (1476 A.D) စာအုပ်အမည်ဖြင့် အင်္ဂလိပ်ဘာသာအင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ရုံမျှသာမက သူ၏သာသနာရေး ဆောင်ရွက်ချက်များကိုလည်း ကျောက်စာရေးထိုးထားသည်။ ပဲခူးမြို့၌ရှိသော ယင်းကျောက်စာသည် ကလျာဏီကျောက်စာ အဖြစ်ထင်ရှားကျော်ကြားနေသည်။
ပါဠိဘာသာ မွန်ဘာသာဖြင့် ရေးထိုးထားသော ကလျာဏီကျောက်စာသည် ကျောက်စာတိုင် ၁၀ တိုင်သို့မဟုတ်ပြန်ထားသောကြောင့်လည်းကောင်း၊ နိုင်ငံခြားသမိုင်းသုတေသီ သို့မဟုတ် သာသနာ့သမိုင်း သုတေသီများပင် ကလျာဏီကျောက်စာကို အထောက်အထား အကိုးအကားမပြုလုပ်ဘဲ သမိုင်းစကား မပြောကြပေ။ သမိုင်းစာ မရေးကြပေ။ ကလျာဏီကျောက်စာ ပါဠိကဏ္႑ကို အရှင်သဒ္ဓမ္မနန္ဒီမထေရ်ကမြန်မာနိဿယ ပြန်ဆိုရေးသားသည်။ အရှင်သဒ္ဓမ္မနန္ဒီ၏ ကလျာဏီကျောက်စာ နိဿယကို ကျိက္ကဆံအရှင်အာစရမထေရ်က ကြီးကြပ်လျက် ၁၃၀၀ ပြည့်နှစ်က ပြည်ကြီးမဏ္ဏိုင် ပုံနှိပ်တိုက်တွက်ပုံနှိပ်သည်။
ရန်ကုန်မြို့ ဘုရားဖြူဆရာတော်ကလည်း ကလျာဏီကျောက်စာ ပါဠိကဏ္႑၏နိဿယ ရေးသည်။ ဘုရားဖြူဆရာတော်၏ နိဿယကို ခရစ်နှစ် ၁၉၃၈ ခုနှစ်၌သုဓမ္မ၀တီတိုက်က ပုံနှိပ်ထုတ်ေ၀သည်။ ဘုရားဖြူဆရာတော်၏ နိဿယ၌ ဟင်္သတ မြစ်ကွေးဆရာတော် ဦးပညာဝံသ၏အတၳုပ္ပတ္တိနိဒါန်း၌ ဓမ္မစေတီမင်းကြီး၏ အကြောင်းကိုလည်းကောင်း၊ ဟံသာ၀တီ သမိုင်းကိုလည်းကောင်း၊ ဗုဒ္ဓသာသနာ၀င်ကိုလည်းကောင်းကျမ်းဂန်အထောက်အထားများစွာကို သုတေသနပြုလျက် ရေးသားထားသည်။
ကလျာဏီကျောက်စာ ပါဠိကဏ္႑၏ မြန်မာစကားပြေကိုမူတောင်တွင်းအကျော် ခင်ကြီးဖျော် ဆရာတော်က ရေးသည်။ ယင်းကလျာဏီကျောက်စာ စကားပြေကျမ်းသည် အနှစ်နှစ်အလလကစပြီး ပေမူဖြင့်သာ ရွိလာခဲ့ရာ ၁၉၇၇ ခုနှစ်၌ ပိဋကဗျူးဟာ အဖွဲ့က စာအုပ်အဖြစ် ပုံနှိပ်ထုတ်ေ၀သည်။
ကလျာဏီကျောက်စာ မွန်ဘာသာကဏ္႑ကိုမူ သီရိပျံချီ ဦးလူဖေ၀င်းကမြန်မာပြန်ပြီး ၁၉၅၈ ခုနှစ်၌ ပြည်ထောင်စုယဉ်ကျေးမှုဌာန မွန်ယဉ်ကျေးမှု ဌာနစိတ်မှ ပုံနှိပ်ဖြန့်ချိသည်။
ကလျာဏီကျောက်စာသည် ပုဂံမြစေတီကျောက်စာနှင့် မတူပေ။ မြစေတီ ကျောက်စာသည် ကျောက်စာလေးမျက်နှာ၌ ပါဠိ၊ မြန်မာ၊ မွန်၊ ပျူစာလေးမျိုးဖြင့် ကျောက်စာရေးထိုးထားသည်။
မြစေတီကျောက်စာ၌ ရေးထိုးထားသော ပါဠိ၊ မြန်မာ၊ မွန်၊ ပျူဘာသာစကားလေးမျိုး၏ အနက်အဓိပ္ပာယ်မှာတစ်မျိုးတည်းဖြစ်သော်လည်း ကလျာဏီကျောက်စာ၌ ရေးထိုးထားသော ပါဠိနှင့် မြန္ဘာသာစကား၏ အနက်အဓိပ္ပာယ်မှာ တစ်မျိုးတည်းဖြစ်၏ မဆိုနိုင်ပေ။ ပါဠိစာမျက်နှာ၌ မပါသောအနက်အဓိပ္ပာယ်တချို့ မွန်စာမျက်နှာ၌ ရေးထိုးထားသည်ကိုတွေ့ရသည်။
#ဆရာပါရဂူရဲရာဇာနှင့်သာသနာစာအုပ်မှ-
Comments
Post a Comment